Home
မြန်မာသတင်း
မိုဘိုင်းဖုန်းသုံးသူများထံမှ ကောက်မည့်အခွန် ၅ ရာခိုင်နှုန်း ၁ နှစ် ဆိုင်းငံ့
DVB
·
May 27, 2015
ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ကောက်ခံမယ့် မိုဘိုင်းဖုန်းသုံးစွဲသူတွေထံက ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ယူမယ့် အစီအစဉ်ကို ၁ နှစ်ဆိုင်းထားဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဖုန်းအသုံးပြုရင် ပေးရမယ့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဆိုင်းငံ့ထားဖို့နဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအပေါ်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ၀န်ကြီးဌာန ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီးတို့ လာရောက်ရှင်းလင်းခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောဆန္ဒအရ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဆိုင်းငံ့ထားဖို့ အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024