DVB Logo
Home
မြန်မာသတင်း
လယ်သမားအရေး ကူညီပေးသူ ဒေါ်မြင့်မြင့်အေးအပါအဝင် ၉ ဦး ထောင်ဒဏ်ချမှတ်ခံရ
DVB
·
May 27, 2015
လယ်သမားအရေး ကူညီပေးသူ ဒေါ်မြင့်မြင့်အေးအပါအဝင် ၉ ဦး ထောင်ဒဏ်ချမှတ်ခံရ
1 / 5
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က တောင်သူလယ်သမားတွေအရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ မိတ္ထီလာပြည်သူ့အကျိုးဆောင် ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး အပါအ၀င် ကွန်ရက်အဖွဲ့ဝင် ၃ ဦးနဲ့ တောင်သူ ၆ ဦးကို ၀မ်းတွင်းမြို့နယ် တရားရုံးမှာ မေ ၂၆ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

ဝမ်းတွင်းမြို့နယ် ကံသာကျေးရွာနေ တောင်သူ ၆ ဦးကို  ပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်စီးမှုပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၅ လစီချမှတ်ပြီး ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၂လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

“တောင်သူတွေက ၄၄၇ နဲ့က ၂ လ၊ ၄၂၇ နဲ့က ၃လ အလုပ်နဲ့ ထေင်ဒဏ်  သီးခြားစီကျခံရမှာ။ ကွန်ရက်အဖွဲ့ဝင်တွေကတော့ ၂ လစီထောင်ဒဏ်အနေနဲ့ချတာ” လို့ တောင်သူတွေရဲ့ ရှေ့နေ ဒေါ်ဟန်စုရည်က  ပြောပါတယ်။

အမှုဖြစ်စဉ်ကတော့ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးအုပ်စု၊ ကံသာကျေးရွာ၊ မင်းကုန်းကျေးရွာ၊ ညောင်အုပ်ဖီးကျေးရွာမှာ နေထိုင်တဲ့တောင်သူ ၁၀ ဦးရဲ့ ဓားမဦးချလုပ်ကိုင် စားသောက်တဲ့ လယ်ယာမြေတွေကို ငါးမွေးမြူရေးအတွက်ဆိုပြီး လျော်ကြေး တစုံတရာ ပေးခြင်းမရှိဘဲ သိမ်းယူခဲ့ရာက စတင်ခဲ့တာပါ။

တောင်သူတွေရဲ့ လယ်မြေတွေကို ၁၉၉၁ ခုနှစ်လောက်မှာ မိတ္ထီလာလေတပ်စခန်းမှူး လက်ရှိ ပို့ဆောင်ရေးဝန်ကြီး ဦးဥာဏ်ထွန်းအောင်ဦဆောင်ပြီး  ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံ သူဌေးတဦးက သီးနှံတွေ စိုက်နေတဲ့အချိန်မျာ သိမ်းယူခဲ့တာလို့ အသိမ်းခံရတဲ့ တောင်သူ ဦးကျော်မြင့်က ပြောပါတယ်။

“သူတို့က ကျနော်တို့ အကွက်တွေကို ငါးကန်အဖြစ် ဗိုလ်မှူးဉာဏ်ထွန်းအောင်ပေါ့လေ။ အခု ပို့ဆက်ဝန်ကြီးဖြစ်သွားတဲ့ ဗိုလ်မှူးဉာဏ်ထွန်းအောင်နဲ့ ကျေးရွာဥက္ကဋ္ဌဖြစ်တဲ့ ဦးချစ်ဌေး၊ မြို့က လွင်ကျော်သိန်းရယ် ငါးကန်အဖြစ်သိမ်းပြီးတော့ ကျနော်တို့ရဲ့ ကုလားပဲ၊ နှမ်း၊ စပါးစိုက်နေတဲ့ အချိန်မှာ ရဲဘော်တွေနဲ့ လာတူးသွားတာဖြစ်ပါတယ်။”

ဒီလယ်မြေသိမ်းခံရမှုနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် တစုံတရာအရေးယူ ဆောင်ရွက်မှုမရှိတဲ့အပြင် တိုင်စာတွေပျောက်သွားပြီဆိုပြီး အမှုဖျေက်ဖျက်ခံခဲ့ရတယ်လို့  ဦးကျော်မြင့်က ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲပြီး အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း လယ်သမားတွေရဲ့ လယ်မြေပြန်ရမယ်လို့ သတင်းရတဲ့အတွက် သူတို့ ပိုင်တဲ့လယ်မြေတွေကို သွားရောက်ရှင်း လင်းခဲ့ရာကနေ အခုလို တရားစွဲဆို ထောင်ချခံရတာလို့ ဆိုပါတယ်။

သူတို့ကို ၂၀၁၃ ခုနှစ်လောက်ကတည်းက တရားစွဲဆိုပြီး ရုံးချိန်းပေါင်း ၇၀ ချိန်းဆိုစစ်ဆေးခံရပြီးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ကို မနေ့က ထောင်ဒဏ်ချမှတ်ပြီး လက်ရှိ မိတ္ထိလာထောင်မှာ ထိန်းသိမ်းထားပါတယ်။
ဓာတ်ပုံ- HM Khine facebook

[gallery ids="94730,94731,94732,94733,94734"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013