A d v e r t i s e m e n t With Us

အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှုဖြင့် သြစတြီးယား လူငယ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

သြစတြီးယားနိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်ကို  ဆီရီးယားမှာ စစ်တိုက်ဖို့ ကြံရွယ်မှုနဲ့ ဗုံးလုပ်နည်းတွေကို လေ့လာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် မေ ၂၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ အဲဒီလူငယ်ရဲ့ မိဘတွေဟာ တူရကီကနေ ပြောင်းရွှေ့အခြေချသူတွေ ဖြစ်ပါတယ်။ သူ့ကို စွပ်စွဲထားတဲ့ အကြမ်းဖက်အဖွဲ့ကို အကူအညီပေးမှု၊ တိုက်ခိုက်ဖို့ ကြံရွယ်မှုတို့ဟာ ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်ပါတယ်။ သူ့ကို ချလိုက်တဲ့ ထောင်ဒဏ်၂ နှစ်ထဲက ၁၆ လကို ဆိုင်းငံ့ ထောင်ဒဏ်သတ်မှတ်ပြီး ကျန်တဲ့ ၈ လကိုတော့ လူငယ်စာရိတ္တပြုပြင်ရေးစခန်းမှာ ထိန်းသိမ်းခံရမှာဖြစ်ပါတယ်။ ဒီဆယ်ကျော်သက်အရွယ်လူငယ်ဟာ ဇန်န၀ါရီလတုန်းက ဒုတိယအကြိမ် အဖမ်းခံခဲ့ရသလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးတာ ခံခဲ့ရဖူးပါတယ်။ A general view of the courtroom is seen during the trial of a 14-year-old terror suspect in St. Poeltenအသက် ၁၄ နှစ်အရွယ် လူငယ်တဦး အခုလို ဘာကြောင့် အစွန်းရောက် စိတ်ကူးတွေကို စဉ်းစားနေသလဲဆိုတဲ့ မေးခွန်းကိုတော့ သူ့ရှေ့နေက လူမှုရေးအရ ဖယ်ကြဉ်ခံရတာနဲ့ ခွဲခြားဆက်ဆံခံရတာက အကြောင်းရင်းတွေ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ သြစတြီးယားနိုင်ငံသား ၂၀၀ ကျော်ဟာ အရှေ့အလယ်ပိုင်း စစ်ပွဲမှာ ပါဝင်ခဲ့ကြကာ ၃၀ ၀န်ကျင်းလောက် သေဆုံးခဲ့ပြီး အယောက် ၇၀ လောက်က သြစတြီးယား ပြန်ခဲ့တယ်လို့ ပြည်ထဲရေးဌာနက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up