DVB Logo
Home
မြန်မာသတင်း
အော်ရီဒူးမြန်မာ၏ ဖလန်း ဖလန်း အင်တာနက်အစီအစဉ်သစ်
DVB
·
May 26, 2015
အော်ရီဒူးမြန်မာ၏ ဖလန်း ဖလန်း အင်တာနက်အစီအစဉ်သစ်
Donate to DVB

အော်ရီဒူးမြန်မာက ဖလန်းဖလန်းအင်တာနက်လို့ အမည်ပေးထားတဲ့ သုံးသလောက်သာကျမယ့် Pay-As-You-Go အင်တာနက်အစီအစဉ်ကို ဒီနေ့ တရားဝင်ကြေညာလိုက်ပါတယ်။

အစက 1mb ကို ၁၀ ကျပ်နှုန်းနဲ့ ကောက်ခံနေတဲ့ Ooredoo က 3G အင်တာနက်ကို 1 MB ၆ကျပ်နှုန်း အထိလျှော့ချလိုက်တာ ဖြစ်ပါတယ်။ အဲဒီနှုန်းထားအသစ်နဲ့ မေလ ၂၇ ရက်နေ့ မနက် ၁၂ နာရီ ၀၁ မိနစ်နောက်ပိုင်းကစပြီး အော်ရီဒူးဆင်းကတ်အသစ် သုံးစွဲသူတွေအနေနဲ့ ထပ်မံ စာရင်းပေးသွင်းစရာမလိုပဲ အစီအစဉ်အသစ်ကို အလိုအလျောက် ရရှိကြမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဈေးလျှော့ချပေးပြီးတဲ့နောက်ပိုင်း အော်ရီဒူးဟာ မြန်မာနိုင်ငံမှာရှိတဲ့ အော်ပရေတာ သုံးခုအနက် 3g အင်တာနက်ဈေးနှုန်း အနည်းဆုံးဖြစ်လာပါတယ်။ တယ်လီနောက 3Gအင်တာနက်ကို 1Mbကို ၁၀ကျပ်၊ MPT ရဲ့ 3G အင်တာနက်ကတော့ 1Mbကို ၁၅ ကျပ် ကောက်ခံနေတာဖြစ်ပြီး ပရိုမိုးရှင်းကာလအတွင်းမှာ ၇ ကျပ်ခွဲ ကောက်ခံနေပါတယ်။

ဒါ့အပြင် မေလ ၂၇ ရက်နေ့က စတင်လို့ အော်ရီဒူးရဲ့တခြား အင်တာနက်၊ chart packs, B2B package အစီအစဉ်တွေမှာ ၀ယ်ယူသူတိုင်း ၁၀၀ ရာခိုင်နှုန်း အပိုထပ်ဆောင်းရရှိမယ်လို့ ဆိုထားပါတယ်။ ဒါဟာ Data plan 1GB ၀ယ်ရင် 1GB free အပိုထပ်ဆောင်းရရှိမယ့် သဘောဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013