DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီခံကျောင်းသားရုံးထုတ်စဉ် ရုတ်ရုတ်သဲသဲ ဖြစ် (ရုပ်သံ)
DVB
·
May 26, 2015
ဖမ်းဆီခံကျောင်းသားရုံးထုတ်စဉ် ရုတ်ရုတ်သဲသဲ ဖြစ် (ရုပ်သံ)
Donate to DVB


ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို ဒီနေ့ မေလ ၂၆ ရက်နေ့က သာယာဝတီတရားရုံးမှာ တတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။


တရားရုံးထုတ်ချိန်မှာ ကျောင်းသားတယောက်ချင်းကို လက်နှစ်ဖက် လက်ထိပ်ခတ်ထားတာနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေနဲ့ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ လက်နှစ်ဖက်ကို လက်ထိပ်ခတ်ထားတာကြောင့် ကျောင်းသားတချို့ ပုဆိုးဝတ်ရတာ အခက်အခဲ ဖြစ်နေလို့ အကူအညီတောင်းခံခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ကိုသီဟ၀င်းတင်ကို ရဲလုံခြုံရေးတယောက်က တွန်းထိုးခဲ့လို့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။

ဒီတပတ် ရုံးချိန်းမှာတော့ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက လုံခြုံရေးယူတဲ့ အထဲမပါဝင်တဲ့ ရဲတပ်ရင်း ၁၁ တွေလည်း အင်အားအပြည့်နဲ့ လုံခြုံရေး ယူထားတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီနေ့ရုံးချိန်းမှာ ကျောင်းသားသပိတ်ဖြိုခွင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားလိုပြသက်သေအနေနဲ့ပဲ လက်ပံတန်းမြို့နယ်၊ရဲတပ်ဖွဲ့က ရဲမှူး ဦးဖုန်းမြင့်ကို စစ်ဆေးသွားမှာဖြစ်တယ်လို့ ဒီဗွီဘီကို အတည်ပြု ပြောကြား ထားပါတယ်။ ပြီးခဲ့တဲ့ဒုတိယအကြိမ်မြောက် သာယာဝတီခရိုင်တရားရုံးမှာပဲ ကျောင်းသားတွေနဲ့ဝန်းရံသူတွေကို EU ဥရောပသမဂ္ဂက သင်ကြားပေး နည်းနဲ့ ကျောင်းသား သပိတ်ကို တားဆီးခဲ့တာဖြစ်တယ်လို့ ရဲမှူး ဦးဖုန်းမြင့်ကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးခဲ့တာပါ။ ကျောင်းသားတွေနဲ့ဝန်းရံ ပြည်သူတွေကို လက်ပံတန်းတရားရုံး အပါအ၀င် တရားရုံးမှာ ရုံးထုတ်တာ အခုအကြိမ်နဲ့ဆို ရုံးချိန်း ၈ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။




Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013