DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အန်စီစီတီ အစည်းအဝေးချင်းမိုင်တွင် စတင်
DVB
·
May 25, 2015
တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး  အန်စီစီတီ အစည်းအဝေးချင်းမိုင်တွင် စတင်
Donate to DVB

တပြည်လုံးအပစ်ရပ်စဲရေးစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရေးနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ အန်စီစီတီ ခေါင်းဆောင်တွေဟာ  ဒီကနေ့  မေလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၃ ရက်ကြာ ဆွေးနွေးပွဲ စတင် ကျင်းပနေပါတယ်။

ဒီကနေ့မှာတော့ အန်စီစီတီအဖွဲ့ဝင်အားလုံး မရောက်လာသေးတဲ့အတွက် အန်စီစီတီကဖွဲ့စည်း ထားတဲ့ နိုင်ငံရေးမူဘောင်ရေးစွဲရေးအဖွဲ့ကနေပြီး အရင်တွေ့ဆုံဆွေးနွေးကြတာဖြစ်တယ်လို့  အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တို့ အန်စီစီတီမှာနိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲဖို့ တာဝန်ပေး ထားတဲ့ အဖွဲ့ သူတို့ ၇ ဦးရှိတာပေါ့။ အဲဒီအဖွဲ့တွေ သူတို့လုပ်ငန်းလေးတွေ လာပြီး အပြီးသတ် အချော ကိုင်တဲ့ဆွေးနွေးပွဲပါ။ မနက်ဖြန်မှပဲ လူစုံတက်စုံနဲ့ အန်စီစီတီ အပြည့်အ၀ပေါ့လေ အစည်းအဝေး ဖြစ်မယ်။”

လာမယ့် ၂ ရက်တာ အန်စီစီ ဆွေးနွေးပွဲမှာတော့  တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမူကြမ်းနဲ့ ဆက်လက်အကောင်အထည်ဖော်လို့ လိုအပ်တဲ့အချက်တွေကို ဆွေးနွေးမှာဖြစ်သလို ဇွန်လဆန်း ကျင်းပမယ့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တင်ပြမယ့် အချက်အလက်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကိုတော့ ကရင်အမျိုး သား အစည်းအရုံး (ကေအန်ယူ) ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ လာမယ့် ဇွန်လ ၂ ရက်နေ့ ကနေ ၆ ရက်ထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013