Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၁၄ မြို့နယ်၌ အခြေခံမဲစာရင်းများ ကြေညာ
DVB
·
May 25, 2015
ဒဂုံမြို့သစ်မြို့နယ်တွေ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး (၁၄)မြို့နယ်မှာ ဒုတိယအသုတ် အခြေခံမဲစာရင်းတွေကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ဒီကနေ့ စတင်ကြေညာ ထားတယ်လို့ တိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးက ဒီဗွီဘီကိုပြောပါတယ်။ [caption id="attachment_94449" align="alignright" width="366"]11102756_1420964248217722_308393944866942682_n ဓာတ်ပုံ - CheckVoterList[/caption] ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ထန်းတပင် မြို့နယ်တွေမှာ မေ ၂၅ ရက်ကနေ ဇွန် ၇ ရက်အထိ ၁၄ ရက်တိုင်ကြေညာထားမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ သွားရောက်ကြည့်ရှုကြဖို့၊ မဲစာရင်းမှာ နာမည်မပါသူတွေအနေနဲ့ ပုံစံ (၃)နဲ့ လျှောက်ထားဖို့၊ အချက်အလက် မှားနေပါက ပုံစံ (၄-ဂ) နဲ့ ကန့်ကွက်ဖို့၊ မဲစာရင်းမှာ မပါသင့်သူတွေဖြစ်တဲ့ ကွန်လွန်သူတွေနဲ့ ထောင်ကျနေသူတွေပါနေရင် ပုံစံ (၄)နဲ့ ကန့်ကွက်နိုင်တယ်လို့ လည်း ကော်မရှင်က အသိပေးထားပါတယ်။ ခေတ္တနေသူတွေအနေနဲ့ကတော့ မိမိတို့ အမြဲနေတဲ့ အိမ်ထောင်စုစာရင်း လ၀က ပုံစုံ ( ၆၆/၆ ) ရှိမှသာ မဲစာရင်းမှာ ပါနိုင်မှာဖြစ်ပါတယ်။ [caption id="attachment_94450" align="alignleft" width="381"]11053217_1420964308217716_359056102169740010_n ဓာတ်ပုံ - CheckVoterList[/caption] ဒါဟာ ရန်ကုန်တိုင်းအတွင်း အခြေခံမဲစာရင်းတွေကို ကော်မရှင်က ဒုတိယ အကြိမ်ကြေညာ လိုက်တာဖြစ်ပြီး ပထမအကြိမ်တုန်းကတော့ ရန်ကုန်တိုင်းမြို့နယ် ၁၀ မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၃၀ က်နေ ဧပြီလ၁၂ ရက်အထိ အခြေခံ မဲစာရင်းတွေ အသိပေးကြေညာခဲ့ပြီးဖြစ်ပါ တယ်။ နောက်ဆုံး အကြိမ်ဖြစ် ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၁ မြို့နယ်မှာလည်း အခြေခံမဲ စာရင်းတွေ မကြာခင် ထပ်မံကြေညာသွားဖို့ရှိတယ်လို့လည်း ကော်မရှင်က ပြောပါတယ်။ အလားတူ နေပြည်တော်ကောင်စီ ၈ မြို့နယ်ဖြစ်တဲ့ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာလည်း အခြေခံမဲစာရင်းတွေကို ဒီကနေ့ စတင်ကြေညာထားပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို ကြေညာခြင်းမရှိသေးပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကတော့ လာမယ့် အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာ ပထမပတ်အတွင်း လက်ရှိ အစိုးရသက်တမ်း မကုန်ခင် ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲကျင်းပပေမယ့်၊ အနည်းဆုံး ၃ လ အများဆုံး ၄လ ကြိုတင်ကြေညာမှာဖြစ်ပြီး မကြေညာခင် ၁၅ ရက်အလို မဲဆန္ဒနယ်တွေကြေညာပေးမယ်လို့ ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024