DVB Logo
Home
မြန်မာသတင်း
လူရာနှင့်ချီ မြှုပ်ထားသည့် ကျင်းများ တွေ့ရှိဟု မလေးရှားပြော
DVB
·
May 24, 2015
လူရာနှင့်ချီ မြှုပ်ထားသည့် ကျင်းများ တွေ့ရှိဟု မလေးရှားပြော
Donate to DVB

မလေးရှားရဲအဖွဲ့ဟာ ထိုင်းနဲ့မလေးရှားနယ်စပ်မှာ လူတွေ အစုလိုက် အပြုံလိုက် မြှုပ်ထားတဲ့ ကျင်းတွေကို တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက မေ ၂၄ ရက်နေ့က ပြောပါတယ်။

လူတွေ မြှုပ်ထားတဲ့ ကျင်းတွေအပြင် လူကုန်ကူးသူတွေ အသုံးပြုတဲ့ စခန်းတွေလို့ ယူဆရတဲ့ နေရာတွေကိုလည်း တွေ့ရှိရတယ်လို့ ပြည်ထဲရေး ၀န်ကြီး အာမက် ဇာဟစ် ဟာမီဒီ က ပြောပါတယ်။

မလေးရဲတပ်ဖွဲ့နဲ့ အထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က မလေးရှားနဲ့ ထိုင်းနယ်စပ်မျာ စခန်းကြီး ၁၄ ခုနဲ့ စခန်းငယ် ၃ ခု ကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

မလေးသတင်းစာတွေမှာလည်း လူတွေ မြှုပ်ထားတဲ့ ကျင်းပေါင်း ၃၀ ရှိပြီး လူပေါင်း ရာနဲ့ချီ မြှုပ်နှံထားတယ်လို့ ဖော်ပြပါတယ်။

စတား သတင်းစာမှာတော့ ကျင်းတကျင်းထဲကနေ အလောင်းပေါင်း ၁၀၀ နီးပါးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်စခန်းတွေ တွေ့ရတဲ့ ဒေသဟာ ကလီယံ အင်တန် Klian Intan နယ်မြေလို့ ခေါ်ပြီး ထိုင်းနယ်စပ်နဲ့ နီးပါတယ်။

မလေးရှား မြောက်ပိုင်းဒေသဟာ လူကုန်းသူသူတွေ အသုံးပြုတဲ့ လမ်းကြောင်းတခုဖြစ်ပါတယ်။

လူကုန်ကူးသူတွေဟာ ထိုင်းတောင်ပိုင်းကိုလည်း အသုံးပြုလေ့ရှိတဲ့အတွက် မလေးဘက်မှာ တွေ့ရတဲ့ လူတွေ မြှုပ်ထားတဲ့ ကျင်းတွေနဲ့ ထိုင်းဘက်မှာ ဒီလထဲမှာ တွေ့ရတဲ့ အလားတူ ကျင်းတွေကြားမှာ ဆက်စပ်မှုရှိမယ်လို့ မလေးရဲတွေက ယူဆနေကြပါတယ်။

ထိုင်းနိုင်ငံ ဆွန်ကလာ ပြည်နယ်ထဲမှာ အလောင်းပေါင်း ၂၆ လောင်းကို ဒီလထဲမှာ ရှာဖွေ တူဖော်နိုင်ခဲ့ပါတယ်။

ထိုင်းမှာ လူကုန်ကူးတဲ့ လမ်းကြောင်းကို ပိုက်စိပ်တိုက် ရှာဖွေ ဖော်ထုတ်နေတဲ့အချိန်မှာပဲ  ဒီလထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က လူ ၃၀၀၀ ကျော်ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားကို  လှေတွေနဲ့ ဆိုက်ရောက်ခဲ့ပါတယ်။

ပင်လယ်ထဲမှာ မျှောနေတဲ့ လူတွေ ထောင်နဲ့ ချီ ရှိနိုင်သေးတဲ့အတွက် အကူအညီတွေ ပေးဖို့နဲ့ ကယ်ဆယ်ဖို့ မလေးရှား ၀န်ကြီးချုပ်က ရေတပ်ကို ညွန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013