ရီးရဲလ်မက်ဒရစ် အနိုင်ဖြင့် ဘောလုံးရာသီကို အဆုံးသတ်

မေ ၂၃ ရက်က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ နောက်ဆုံး ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဂီတာဖေးကို ၇ ဂိုး ၃ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒို ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အခု သွင်းတဲ့ ဟက်ထရစ်ဂိုး အပါအ၀င် ရော်နယ်ဒိုဟာ ဒီနှစ်ဘောလုံးရာသီမှာ သွင်းဂိုး ၆၁ ဂိုးအထိ ရှိခဲ့ပါတယ်။ ဒီနှစ် စပိန်လာလီဂါ ရာသီမှာတော့ ရော်နယ်ဒိုဟာ သွင်းဂိုးပေါင်း ၄၈ ဂိုးအထိ ရှိခဲ့ပြီး ပြိုင်ဖက် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီထက် ၅ ဂိုးအသာ ရခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနှစ်ရာသီမှာ အဓိကကျတဲ့ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို လက်လွတ်လိုက်ရပြီး ဖလားမဲ့ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ ရီးရဲလ်ဟာ ဒီနှစ်ရာသီ အမှတ်ပေးဇယားမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း လက်ရှိ နည်းပြ အန်စလော့တီရဲ့ ထိုင်ခုံနေရာ လှုပ်နေပြီး တခြား နည်းပြတယောက်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ [gallery ids="94271,94272,94273,94274,94275"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up