Home
မြန်မာသတင်း
ဘိုလီးဗီးယားက စရိတ်နည်း အသံတိတ် ဆိုလာကား
DVB
·
May 23, 2015
26.Boliva's low-cost silent solar car
25.Boliva's low-cost silent solar car
24.Boliva's low-cost silent solar car
23.Boliva's low-cost silent solar car
22.Boliva's low-cost silent solar car
21.Boliva's low-cost silent solar car
20.Boliva's low-cost silent solar car
19.Boliva's low-cost silent solar car
18.Boliva's low-cost silent solar car
17.Boliva's low-cost silent solar car
ဘိုလီးဗီးယားနိုင်ငံရဲ့အကြီးဆုံးမြို့တော် အယ်လ်အော်လ်တိုရဲ့ လမ်းတွေပေါ်မှာ အမြင်ဆန်းတဲ့ ကားလေးတွေဖြတ်သန်း သွားလာနေကြပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့မောင်းနှင်တဲ့ အော်လ်တိုတက္ကသိုလ်ကထုတ်တဲ့ အော့်လ်ကော်လ်ထရီ ဆိုလာကားတွေက သိပ် မမြန်လှပေမယ့် ထိရောက်မှုတော့ရှိပါတယ်။ ကားမှာပါတဲ့ ဆိုလာ ၈ ပြားက ဒီကားကို ၁ နာရီ ကီလိုမီတာ ၇၀ နှုန်းထိသွားနိုင်အောင် စွမ်းအင်အလုံ အလောက်ထောက်ပံပေးပါတယ်။ တီထွင်သူတွေထဲမှာ ကျောင်းသားဖြစ်သူ အိုင်ဗန်လိုပက်စ် တစ်ယောက်လည်း ပါပါတယ်။ "ဒီကားမှာ အထူးခြားဆုံးအချက်တစ်ခုက နေရောင်ခြည်စွမ်းအင်ကိုဖမ်းယူပြီး လစ်သီယမ် ဘက်ထရီထဲမှာ သိုလှောင်ထား တာပါ။ ဒီထဲမှာ (၇၂)ဗို့ထိရောက်အောင် စွမ်းအင်အများကြီး သိုလှောင်နိုင်တယ်။ ဘက်ထရီက တစ်ဘက်မှာ စွမ်းအင် ထုတ်ပေးနေသလို ဆိုလာပြားတွေ ဆီက နေရောင်ခြည်စွမ်းအင်ကို အဆက်မပြတ် လက်ခံသိုလှောင်ပေးနေတယ်။" လို့သူက ပြောပါတယ်။ ကျောင်းသားအဖွဲ့ဟာ ဒီကားတန်ဖိုးကို ဒေါ်လာ ၁၅၀၀၀ သတ်မှတ်ထားပါတယ်။ အဖွဲ့ဝင် ဖာနန်ဒိုဗလားရီးယား ကတော့ အရမ်းဈေးကြီးတဲ့ပစ္စည်းတွေအတွက် ရင်းနှီးမြှပ်နှံမှုမလုပ်ခင်မှာ ဒီကားရဲ့ ဒီဇိုင်းကိုစစ်ဆေးပြီး ကုန်ကျစရိတ်တွေလျော့ချသွားမယ်လို့ ဆိုပါတယ်။ "ကျနော်တို့က ဒီဇိုင်းကို အရင်ဆွဲပြီးမှ တုပစမ်းသပ်မှုတွေလုပ်တယ်။ အလုပ်မဖြစ်ဘူးဆိုရင် ဒီဇိုင်းကို ထပ်ပြောင်း တယ်။"လို့ ဖာနန်ဒို ဗလားရီးယားက ပြောပါတယ်။ အယ်လ်အော်လ်တိုမြို့က တစ်ခြားကားတွေနဲ့မတူတာက အော့်လ်ကော်လ်ထရီ ဟာ ဘာသံမှ မထွက်ဘဲ လမ်းတွေပေါ်မှာ ရွေ့လျှားသွားလာနိုင်ပါတယ်။ ၀ီလီအာရီကာဂွာ က ဒီခေတ်ရှေ့ပြေး ကားရဲ့ ဘီးပိုင်းကို တပ်ဆင်ပေးရသူပါ။ "ဒီကားမှာ "ဘရှပ်ရှ်"မဲ့ မော်တာတပ်ဆင်ထားတာမို့ ကားက အသံတိတ်ရွှေ့လျား နိုင်လာ ပါတယ်။ မော်တာသေးလို့ အသံမဆူတာလည်းပါတာပေါ့။ ပစ္စတင်တွေ၊ ပေါက်လောင်ခန်းတွေနဲ့ လည်ပတ်တဲ့ မော်တာတွေနဲ့တော့မတူဘူး။" လို့ဝီလီအာရီကာဂွာက ပြောပါတယ်။ အော့်လ်ကော့်လ်ထရီ ဟာ ဘိုလီးဗီးယားရဲ့ ပထမဆုံး နေစွမ်းအင်သုံးကားဖြစ်ပါတယ်။ ခုချိန်မှာ ကီလိုမီတာ ၂၀ ခရီးပဲ သွားနိုင်ပေမယ့် ဒါဟာ ခရီးရှည်ကြီးတစ်ခုရဲ့အစပဲရှိသေးတယ်လို့ တီထွင် သူတွေက ဆိုပါတယ်။ [gallery ids="94248,94247,94246,94244,94242,94241,94239,94243,94240,94245"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024