ကိုလံဘီယာ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်

ဓာတ်ပုံ (ရိုက်တာ)
အစိုးရရဲ့ လေကြောင်းနဲ့ မြေပြင် စစ်ဆင်ရေးကြောင့် တိုက်ခိုက်ရေးသမား ၂၆ ဦးသေဆုံးပြီးတဲ့နောက် ကိုလံဘီယာနိုင်ငံ လက်ဝဲယိမ်း အက်ဖ်အေအာရ်စီ သူပုန်တွေက အပစ်ခတ်ရပ်စဲရေးကို ရပ်ဆိုင်းလိုက်ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းက သူပုန်နဲ့ အစိုးရတပ်ဖွဲ့တွေ အပစ်ခတ်ရပ်စဲဖို့ အတွက် သဘောတူ ညီခဲ့တာ ဖြစ်ပေမယ့် မေ ၂၁ ရက် အသေအပျောက်အများဆုံး တိုက်ပွဲပြီးတဲ့နောက် အခုလို ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။ ၅ လ ကြာ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အပစ်ရပ်စဲရေးကို ရပ်တန့်လိုက်တယ်လို့ သူပုန်တွေက ထုတ်ပြန်ပါတယ်။ အက်ဖ်အေအာစီက ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုတော့ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ကိုလံဘီယာ သမ္မတ အွန်မန်နျူရယ် ဆန်းတိုစ်ကလည်း ဆွေးနွေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ပြောပါတယ်။ ရာစုနှစ် နီးပါး ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်စေဖို့ ၂၀၁၂ ခုနှစ် ကတည်းက ၂ ဖက် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up