ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း ဆက်ရှိနေ

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မုန်တိုင်းအဖြစ်မရောက်သေးဘဲဆက်လက် စောင့်ကြည့်နေတယ်လို့ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ အောက်ဘက်ကို အနည်းငယ်ရွေ့လျားသွားပြီး လေဖိအားနည်း ရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းတို့ရှိ ဒေသတခချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။ ကမ်းရိုးတန်း ဒေသတွေမှာ လေတိုက်နှုန်း ၁ နာရီမိုင် ၄၀ လောက် အနည်းဆုံး ရှိမှာမို့ ငါးဖမ်းလှေနဲ့ စက်လှေတွေ ရေကြောင်းခရီး မထွက်ကြဖို့လည်း မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ကလည်း မြန်မာပြည်အနောက်မြောက်ဘက်က ရွေ့လာတဲ့ မိုးတိမ်တောင်၊ အနောက်ဘက် ရခိုင်ကမ်းရိုးတန်းဘက်က ၀င်လာတဲ့လေဖိအားနည်းရပ်ဝန်းရဲ့ မိုးတိမ်တောင် နဲ့ တောင်ပိုင်းဘက်က တက်လာတဲ့ အနောက်တောင်မုတ်သုံလေဦး မိုးတိမ်တောင်တို့ကြောင့် နိုင်ငံတ၀န်း မိုးရွာမယ်လို့ သူ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - မိုးဇလ [gallery ids="93836,93835,93834"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up