DVB Logo
Home
မြန်မာသတင်း
ပင်လယ်ပြင်လှေစီးဒုက္ခသည်များအရေး မြန်မာစိုးရိမ်
DVB
·
May 20, 2015
ပင်လယ်ပြင်လှေစီးဒုက္ခသည်များအရေး မြန်မာစိုးရိမ်
Donate to DVB

လတ်တလော နိုင်ငံတကာသတင်းတွေမှာ ဆက်တိုက် ဖော်ပြနေတဲ့ လှေစီးဒုက္ခသည်များအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ထပ်တူ စိုးရိမ်မှုရှိတယ်လို့  နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ ပင်လယ်တွင်းလှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သဘောထားရပ်တည်ချက်ကို မေ ၁၉ ရက်ညက ထုတ်ပြန် ကြေညာလိုက်တာပါ။

ဒီကြေညာချက်မှာ  ဒေသတွင်း လူမှောင်ခိုကူးမှုနဲ့ တရားမဝင် ရွှေ့ပြောင်း သွားလာမှုတွေရဲ့  အကျိုးဆက်အဖြစ် အပြစ်မဲ့လူတွေ အတိဒုက္ခရောက်ပြီး အသက် ဘေးအန္တရာယ် ကြုံတွေ့ရမှာကို အလွန်စိုးရိမ်တဲ့အကြောင်းနဲ့ မြန်မာလေတပ်နဲ့ ရေတပ်က  ပင်လယ်ပြင်မှာ အတိဒုက္ခရောက်သူတွေတွေ့ရှိရင် ကူညီဖို့  အသင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လူမှောင်ခိုကူးမှုတွေကြောင့် အတိဒုက္ခရောက်သူတွေ ကြုံတွေ့နေရတဲ့  ဒုက္ခတွေ လျော့ပါးသက်သာစေဖို့   လူသားချင်း စာနာမှုရှုထောင့်ကနေ  နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလာတဲ့ ပင်လယ်ပြင် လှေစီးဒုက္ခသည်တွေအရေးဟာ အာဆီယံ ဒေသတွင်းပြသနာတခုလို ဖြစ်လာနေပြီး ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံက  ဒီကိစ္စ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ဖိအားပေးနေ ချိန်မှာ မြန်မာအစိုးရက ခုလို သဘောထားရပ်တည်ချက် ထုတ်ပြန်လိုက်တာပါ။

ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာတော့  မြန်မာနိုင်ငံဘက်ကို ၀င်လာတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည် ၁၁ ဦးကို မေလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်  မောင်တော မြို့နယ် မြင်း လွှတ်ချောင်းပေါက်ဝကနေ စက်လှေနဲ့လာရာလမ်းအတိုင်း ပြန်ပို့လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါလှေစီးဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ဆိပ်ကမ်းကနေ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးစားရာမှာ အဆင်မပြေ ဖြစ်ပြီး  မောင်တောမြို့နယ် ဥဒေါင်း(အနောက်)ရွာအနီး ရေမျောကမ်းတင် ရောက်ရှိလာတာလို့ သတင်းမှာ ဖော်ပြ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013