လီဗာပူး ၁ နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆု စတာလင်း ရရှိ

လီဗာပူး တိုက်စစ်မှူး စတာလင်ဟာ အသင်းက ပေးအပ်တဲ့ တနှစ်တာအတွက် အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိသွားပါတယ်။ တိုက်စစ်မှူး စတာလင်ဟာ လီဗာပူးကနေ အသင်းပြောင်းတော့မယ်လို့ ပြောဆိုပြီး တရက်အကြာမှာ ဒီဆုကို ရရှိတာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူးဟာ လာမယ့် နွေရာသီမှာ အသင်းပြောင်းချင်တဲ့ အကြောင်း မေ ၂၂ ရက်နေ့ကျရင် နည်းပြ ရော်ဂျာစ်၊ အမှုဆောင် အရာရှိချုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးသွားမှာပါ။ လီဗာပူးက စတာလင်ကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ တပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်းပေးပြီး စာချုပ်သစ်အတွက် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ်။ စတာလင်ကို မန်စီးတီးနဲ့ အာစင်နယ် အပါအ၀င် ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေပါတယ်။ လီဗာပူး ကစားသမားဟောင်း တော်တော်များများကတော့ စတာလင်အနေနဲ့ ကြီးကြီးမားမား အောင်မြင်မှု မရှိသေးတဲ့အတွက် အသင်းမှာပဲ ဆက်နေသင့်သေးတယ်လို့ ပြောဆိုနေပါတယ်။ လီဗာပူး တောင်ပံသမားဟောင်း ဘာနက်စ်က “စတာလင်က တိုးတက်နိုင်တဲ့ အလားအလာ အများကြီး ရှိပါတယ်။ ဒါပေမယ့် လီဗာပူးက သူ့ကို အခွင့်အရေးတွေ ပေးနေတဲ့အတွက် အသင်းမပြောင်းသင့်သေးဘူး” လို့ ဝေဖန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up