Home
မြန်မာသတင်း
လွိုင်ကော်ရောက် ကရင်နီတပ်သားများ ပြန်လည်ထွက်ခွာ
နန်းမြနဒီ
·
May 18, 2015
လူထုတွေ့ဆုံစည်းရုံးရေးအတွက် လွိုင်ကော်မြို့နယ်ထဲ ရောက်ရှိနေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ) ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ လောက်ဟာ အစိုးရရဲ့ ခွင့်ပြုချက်မရတဲ့ အတွက် ကရင်နီထိမ်းချုပ်ရာဒေသကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)မှူးနဲ့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးက က ယားပြည်နယ်အစိုးရရုံးမှာ မေ ၁၃ ရက်နေ့က ခေါ်ပြောပြီးတဲ့နောက် မေလ ၁၆ ရက်နေ့က သံလွင်မြစ်အရှေ့ခြမ်းဘက်ကို ပြန်လာခဲ့တာလို့ ကေအဲန်ပီပီ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေး ရယ်က ပြောပါတယ်။ “ဒကစမှူး၊ နယ်လုံဝန်ကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေက ကျနော်တို့ကို မေလ ၁၃ ရက်နေ့ က ခေါ်ပြောပါတယ်။ ကျနော်တို့ တင်ပြထားတဲ့အချက်ကို သမ္မတကြီးရော၊ ကာကွယ်ရေး ဦးစီးချုပ်ကပါ ခွင့်မပြုဘူးပေါ့။ သူတို့အနေနဲ့တော့ ကျနော်တို့ကို နားလည်ပေမယ့် အထက် အမိန့်အရ လုပ်ရတာလို့ပြောပါတယ်။ ကျနော်တို့လည်း အပစ်ခတ်ရပ်စဲရေးကို မထိခိုက်လို တဲ့အတွက် စိတ်ရှည်သည်းခံပြီး နောက်ဆုတ်ပေးလိုက်တယ်။” ဒီနေ့ ရှားတောမြို့နယ်ဘက် ပြန်ရောက်သွားပြီ ကေအဲန်ပီပီအနေနဲ့ လက်နက်မပါဘူးဆိုရင်၊ လူအင်အား ၂၀-၃၀ လောက် ဆိုရင် လာလို့ရတယ်လို့ ဒကစမှူးက ပြောတဲ့အတွက် အရပ်ဝတ်နဲ့ ပြန်ဝင် လာဖို့ရှိတယ်လို့လည်းပြောပါတယ်။ ကေအန်ပီပီဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် လူထုစည်းရုံးရေးတွေ ဆောင်ရွက်ခဲ့ပေမယ့်လည်း ဒီလဆန်းပိုင်းမှာတော့ တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်က လက်နက်တွေ၊ ၀တ်စုံပြည့်တွေနဲ့ သံလွင်မြစ် အနောက်ကမ်းကို ကျော်ဖြတ်ပြီး လွိုင်ကော်မြို့နယ်ထဲ ရောက်ရှိလာတဲ့အတွက် ပြည်နယ်တာဝန်ရှိသူတွေက ဟန့်တားခဲ့တာပါ။ နှစ်ဖက်က နောက်ဆုတ်ခြင်းမရှိပဲ တင်းမာနေကြလို့ ကျေးရွာတွေက ဒေသခံလူထုတွေ ခရီးသွားရေးလာရေးနဲ့အလုပ်အကိုင်အတွက် သွားလာရေးမှာ အဟန့်အတားဖြစ်ပြီး ထိတွေ့ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်ပူပန် နေခဲ့ကြတာဖြစ်ပါတယ်။ [gallery ids="93557,93558,93559,93560,93561,93562,93563,93564,93565"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024