ဖုန်းငွေဖြည့်ရင် အခွန်ပေးဆောင်ရမည်

ဇွန် ၁ ရက်မှစပြီး ဖုန်းငွေဖြည့်ခြင်းမှ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်မှာ  ဆက်သွယ်ရေး ဝန်ကြီးရုံးတွင် မွန်းလွဲ ၂ နာရီမှာ ကျင်းပတဲ့ Commercial Tax Implementation Press Conference မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ 11137174_817470321701757_4982312149177439547_nဧပြီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်လိုက်တာဖြစ်ပြီး ဖုန်းသုံးစွဲသူတွေအနေနဲ့ ဖုန်းငွေဖြည့်ရင် ၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာပါ။ အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော့ဖုန်း သုံးစွဲသူတွေရဲ့ ဖုန်းငွေဖြည့် ကတ်တွေဆီကနေ လာမယ့် ဇွန်လ ၁ ရက်နေ့စပြီး လုပ်ငန်းခွန် ကောက်ခံ တော့မှာပါ။ ဥပမာအနေနဲ့ ငွေဖြည့်ကတ် ၁ ထောင်မှာ သုံးစွဲခွင့်က ၉၅၂ ကျပ်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၄၈ ကျပ် ပေးဆောင်ရမှာပါ။ လက်ရှိ အော်ပရေတာတွေလည်း ဒီနှုန်းအတိုင်းပေးရမှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up