DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ ဇွန်လထိ ရွှေ့ဆိုင်း
DVB
·
May 18, 2015
တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ ဇွန်လထိ ရွှေ့ဆိုင်း
Donate to DVB

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေအားလုံးပါဝင်တဲ့ ညီလာခံကို  မေလမှာ ကျင်းပဖြစ်မှာမဟုတ်ဘဲ ဇွန်လ ပထမပတ်လောက်မှ ကျင်းပဖြစ်လိမ့်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ပန်ဆန်းတိုင်းရင်းသားညီလာခံအပြီးမှာ အန်စီစီတီအဖွဲ့ဝင်တွေရော အဖွဲ့ဝင်မဟုတ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေအားလုံး ပါဝင်တက်ရောက်မယ့် ဒီညီလာခံတခု မေလ ၂၀ လောက်မှာ  ပန်ဆန်း၊  မိုင်းလားနဲ့ လော်ခီးလာ တနေရာရာမှာ ကျင်းပဖို့ မူလက စီစဉ်ခဲ့တာပါ။

ဒီညီလာခံရက်အတိအကျမသတ်မှတ်ရသေးပေမယ့် နေရာကိုတော့ ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာမှာပဲ ကျင်းပမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ အခုလက်ရှိကတော့ ဇွန်လဆန်းလောက်မှာပဲ ပထမ အပတ်မှာလုပ်ဖို့တော့ သဘောထားရှိတယ်။ ဒါပေမယ့် ရက်အတိအကျတော့ ကျနော်တို့ ညှိနေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့အဖွဲ့အစည်းတွေကလည်း အချိန် ရောက်နိုင်မှုအနေအထား အခက်အခဲ ရှိတာကို နောက်ပြီးတော့ ကျနော်တို့ ဖက်မှာကလည်း ပြင်ဆင်မှုကို လိုတာကို။”

ဒီညီလာခံမတိုင်ခင်   တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်း (အန်စီအေ)နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးကြမယ့် အန်စီစီတီ အစည်းအဝေး တခု မေလ ၂၅-၂၆ ရက်လောက်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ရှိနေပါတယ်။

အန်စီစီတီအနေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုတင်ပြဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ)ပါ စာသားတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ အကြား ရန်ကုန်မှာ သဘောတူညီမှုရခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ အစိုးရအဖွဲ့အနေနဲ့ အန်စီအေစာချုပ် ကို အတည်ပြု လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အဖွဲ့တွေဘက်ကတော့  အဆင်သင့်မဖြစ်သေးပဲ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုတွေ ဆက်လုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013