အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲတွင် ရှာရာဗိုပါ ချန်ပီယံဆုရ ရရှိ

အီတာလျံအိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ မာရီယာ ရှာရာဗိုပါက ဆွာရက် နာဗာရိုကို အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ကမ္ဘာ့အဆင့် ၃ တင်းနစ်မယ် ရှာရာဗိုပါက အဆင့် ၁၀ စပိန်သူ နာဗာရိုကို ၁ ပွဲရှုံး ၂ ပွဲနိုင်နဲ့ ချန်ပီယံဆုကို ရယူသွားတာပါ။ ပထမပွဲမှာ ရုရှား တင်းနစ်မယ် ရှာရာဗိုပါ ရုန်းကန် ကစားသွားရပြီး နာဗာရိုက ၆ - ၄နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာ အကြိတ်အနယ် ရှိခဲ့ပြီး နာဗာရို နောက်ကနေ လိုက်ကစားခဲ့ပြီး ၅ - ၅နဲ့ အမှတ်တူတဲ့အထိ အမီ လိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရှာရာဗိုပါက ၇ - ၅ နဲ့ အနိုင်ရသွားပါတယ်။ နောက်ဆုံးပွဲမှာတော့ ရုရှားက လက်စွမ်းပြပြီး အမှတ်ပြတ် ၆ - ၁နဲ့ အနိုင်ရသွားပါတယ်။ ရှာရာဗိုပါဟာ အီတာလျံအိုးပန်း ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်တာပါ။ အခု ချန်ပီယံဆုဟာ တင်းနစ်မယ် ရှာရာဗိုပါအတွက်တော့ ကစားသမား သက်တမ်းအတွင်းမှာ ၃၅ ခုမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up