အမေရိကန် ဆိုင်ကယ်စီးဂိုဏ်းများ ချိန်းဆိုရန်ပွဲပြီးနောက် သေနတ်ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ၀ါကိုမြို့ငယ်လေးမှာ မော်တော် ဆိုင်ကယ်စီးဂိုဏ်းတွေအကြား ချိန်းဆိုရန်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ကျန်လူအတော်များများ ဒဏ်ရာရခဲ့ကြပါတယ်။ ဒီသေနတ်ပစ်ခတ်မှုနဲ့ ဆက်စပ်နေတဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ ဒီလူတွေထဲက ၃ ယောက်မှာ လက်နက်တွေ ကိုင်ဆောင်ထားတယ်။ သူတို့တွေကို ခု ဖမ်းမိထားပြီး သူတို့တွေဟာ ရာဇ၀တ်မှု ဖြစ်အောင် စီစဉ်လုပ်ဆောင်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ လို့လဲ ဆိုပါတယ်။ ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေအရ ဒီပစ်ခတ်မှုဟာ Twin Peaks စားသောက်ဆိုင်ရဲ့ အပြင်ဖက် ယာဉ်ရပ်နားရာနေရာမှာ ဖြစ်ပွားခဲ့ပြီး နေရာမှာတင် လူ ၈ ဦး သေဆုံးခဲ့ပြီး ကျန် ၁ ဦးကတော့ ဆေးရုံမှာ သေဆုံးသွားပါတယ်။ အခင်းဖြစ်တဲ့နေရာက လက်နက်တွေ၊ ဓားတွေ၊ ဒုတ်တွေနဲ့ သံကြိုးတွေကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ရဲဌာနက ပြောပါတယ်။ စားသောက်ဆိုင်ဝန်ထမ်းတွေကတော့ သေနတ်ပစ်သံတွေ ကြားခဲ့ပြီးနောက်မှာ ရေခဲသေတ္တာတွေထဲ ၀င်ပုန်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အားလုံးဟာ မော်တော်ဆိုင်ကယ်စီး လမ်းသရဲတွေ ဖြစ်ပါတယ်လို့ KCEN_TV က သူ့ရဲ့ဝက်ဘ်ဆိုဒ်မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေဖက်က သေဆုံး ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up