မေ ၁၇ ရက်နေ့ည ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်များ

ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးက ဆွမ်ဆီးကို ၄ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး မန်ယူနဲ့ အာဆင်နယ် ၁ ဂိုးစီ သရေကျသွားပါတယ်။ မန်စီးတီးအတွက်တော့ ၅ ပွဲမြောက် နိုင်ပွဲရတာ ဖြစ်ပါတယ်။ Premier Leagueဒီပွဲမှာ ကွင်းလယ်သမား ရာရာ တိုရေးက မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်ခဲ့ပါတယ်။ ဒီပွဲနိုင်လို့ မန်စီးတီးက ရာသီသိမ်းချိန်မှာ အဆင့် ၂ နေရာ ရဖို့ သေချာသလောက် ဖြစ်နေပါတယ်။ မန်ယူကတော့ ကွင်းလယ်သမား ဟာရဲရာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့်လည်း ၈၂ မိနစ်လောက်မှာ ဘလက်ကန် ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ချေပဂိုး ပြန်ပေးလိုက်ရတာပါ။ ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလောက် ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။ ဒီပွဲသရေကျလို့ ၁ ပွဲလျော့ အာဆင်နယ်က ၇၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး မန်ယူက ၆၉  မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up