ချစ်ကြည်ရေးဟော်ကီကစားပွဲတွင် ရုရှားသမ္မတ ၆ ဂိုးသွင်းယူ

ရုရှားနိုင်ငံ ဆိုချီမြို့မှာ ချစ်ကြည်ရေး ညဟော်ကီ ကစားပွဲတခုကို မေ ၁၆ ရက်နေ့က ကျင်းပခဲ့ပြီး ရုရှားသမ္မတ ပူတင်နဲ့ သူ့အစိုးရ၀န်ကြီးတွေ၊ စီးပွားရေးသမားတွေ၊ အားကစားသမားတွေ ပါဝင်ကစားခဲ့ကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ Russia Today အပါအ၀င် ရုရှားရုပ်သံလိုင်းတွေမှာ ချစ်ကြည်ရေး ဟော်ကီပွဲကို ပြသပြီး သမ္မတ ပူတင်က ပွဲဦးထွက် ဂိုးကို သွင်းခဲ့လို့ ပရိသတ်တွေ အားပေးကြပုံတွေကို ပြသပါတယ်။ ပွဲစဉ်တလျှောက်လုံးမှာ ပူတင်က ၆ ဂိုး သွင်းခဲ့တယ်လို့ ရုရှား ရုပ်သံလိုင်းတွေက ကြေညာပါတယ်။ ပွဲပြီးတဲ့အချိန်မှာ ပူတင်တို့ အသင်းက ၁၈ ဂိုး၊ ၆ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ 2ရုရှားအစိုးရ အဖွဲ့ထဲက ကာကွယ်ရေး ၀န်ကြီး၊ ဒုဝန်ကြီးချုပ်တို့ ၀င်ကစားခဲ့ပေမယ့်  ရုရှား ၀န်ကြီးချုပ် ဒမီထရီ မာဗီဒဗ်က ပရိသတ်အနေနဲ့ပဲ အားပေးခဲ့ပါတယ်။ ညဟော်ကီ ကလပ်ကို သမ္မတ ပူတင်ကပဲ လွန်ခဲ့တဲ့ လေးနှစ်က ထူထောင်ထားတာဖြစ်ပါတယ်။ ချစ်ကြည်ရေးပွဲမှာတော့ ကစားသမိုင်းတိုင်းက ဒုတိယ ကမ္ဘာ့စစ်တုန်းက ဆိုဗီယက် ပြည်ထောင်စုက နာဇီ ဂျာမနီကို အောင်နိုင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် ၀တ်စုံပေါ်မှာ နံပါတ် ၇၀ ကို ရိုက်နှိပ်ထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up