ဆရာဝန် ၁ ဦးအပါအ၀င် ငွေစက္ကူအတု ပြုလုပ်သူများကို ဖမ်းဆီး

ဓာတ်ပုံ - အမ်အိုအိုင်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်မှာ ဆရာဝန်တဦးပါဝင်တဲ့ ငွေစက္ကူအတုပြုလုပ်သူတွေကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မေလ ၁၅ ရက်မှာ ဖော်ထုတ်ဖမ်းဆီးမိတာဖြစ်ပြီး သူတို့ဟာ မေလ ၁၁ ရက်က တောင်ငူမှာ ဖမ်းမိတဲ့ ငွေစက္ကူအတု ၇၆ သိန်းကျော်အမှုရဲ့ နောက်ဆက်တွဲ ဖမ်းမိတာလို့ သတင်းက ဆိုပါတယ်။ [caption id="attachment_93350" align="aligncenter" width="454"]သိမ်းဆည်းရမိသည့် သေနတ် (ဓာတ်ပုံ - အမ်အိုအိုင်) သိမ်းဆည်းရမိသည့် သေနတ် (ဓာတ်ပုံ - အမ်အိုအိုင်)[/caption] ရန်ကုန်-မန္တလေး ပုံမှန်လမ်းဟောင်းဘေးနေ ဒေါက်တာသက်မိုးအပါအ၀င် လူ ၂ ယောက်တို့ရဲ့ နေအိမ်မှာ ငွေစက္ကူအတုလုပ်တဲ့ ကွန်ပျုတာနဲ့ ကာလာပရင်တာ စတဲ့ပစ္စည်းတွေ သိမ်းဆည်းရမိပြီး၊ လုပ်သေနတ်အတိုတလက်လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up