ဒီဂီယာနေရာ အစားထိုးရန် စဉ်းစားထားကြောင်း မန်ယူနည်းပြပြော

ဂိုးသမား ဒီဂီယာအသင်းကနေ ထွက်သွားရင် အစားထိုးဖို့ စိတ်ထဲမှာ စဉ်းစားထားပြီးသား ဖြစ်တယ်လို့ မန်ယူအသင်း  နည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဟာ လာမယ့်နွေရာသီ စာချုပ်သက်တမ်း ကုန်မှာ ဖြစ်ပေမယ့် အခုအချိန်အထိ မန်ယူနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခြင်း မရှိသေးပါဘူး။ ဒီအတွက်ကြောင့် မန်ယူ နည်းပြက သူ့နေရာမှာ အစားထိုးဖို့ ကြိုတင် စဉ်းစားနေတာ ဖြစ်ပါတယ်။ “သူ့နေရာမှာ အစားထိုးနိုင်ဖို့ ဂိုးသမား စာရင်းက ကျနော်တို့မှာ ရှိပြီးသားပါ။ အသင်းက အဲဒီအတွက် အမြဲတမ်း ပြင်ဆင်ထားပြီးသားပါ” လို့ နည်းပြ ဗန်ဂါးက ပြောပါတယ်။ စပိန်ကလာတဲ့ သတင်းတွေမှာတော့ အသက်  ၂၄နှစ်အရွယ် ဂိုးသမားဟာ ရီရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်ဆိုပြီး ဖော်ပြနေပါတယ်။ [caption id="attachment_93339" align="aligncenter" width="770"]မန်ယူနည်းပြ လူးဝစ် ဗန်ဂါး (ဓာတ်ပုံ - ရိုက်တာ) မန်ယူနည်းပြ လူးဝစ် ဗန်ဂါး (ဓာတ်ပုံ - ရိုက်တာ)[/caption] ဒီဂီယာကို အသင်းမှာ ဆက်နေဖို့ မက်လောက်တဲ့ ငွေကြေးနဲ့ ကမ်းလှမ်းထားပြီး အသင်းမှာ ဆက်နေချင်ရင် စာချုပ်သစ်မှာ သူ လက်မှတ်ထိုးပါလိမ့်မယ်ဆိုပြီး မန်ယူနည်းပြက အတည်ပြုထားပါတယ်။ မန်ယူမှာ လက်စွမ်းပြနေတဲ့ ဂိုးသမား ဒီဂီယာဟာ ၂၀၁၁ မှာ အိုးထရက်ဖို့ ကလပ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up