ကလင်တန်ဇနီးမောင်နှံ ဟောပြောပွဲရငွေ ဒေါ်လာ ၂၅ သန်းကျော်ရှိ

၂၀၁၄ နောက်ပိုင်း ဟီလာရီကလင်တန်နဲ့ ဘေကလင်တန်တို့ ဇနီးမောင်နှံတို့ ဟောပြောပွဲပေါင်း ၁၀၀ ကျော်ကနေရတဲ့ ၀င်ငွေဟာ  အမေ၇ိကန် ဒေါ်လာ ၂၅ သန်းကျော်ရှိတယ်လို့ ကလင်တန် မဲအောင်နိုင်ရေးအဖွဲ့  Clinton campaign က တရားဝင်ထုတ်ပြန်ပါတယ်။ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ သမ္မလောင်း ဖြစ်ဖို့ ထိပ်ဆုံးက ပြေးနေသူ ဟီလာရီကလင်တန်ဟာ ဇွန်လက ထုတ်ခဲ့တဲ့ Hard Choices ခက်ခဲသော ရွေးချယ်မှုများ စာအုပ်ကနေ ဒေါ်လာ ငါးသန်းလည်း ၀င်ငွေရခဲ့တယ်လို့ ဆိုပါတယ်။ စီးပွားရေး မညီမျှချက်ဟာ ဒီမိုကရက်ပါတီနဲ့ ဟီလာရီတို့ရဲ့ လက်စွဲလို ဖြစ်ခဲ့ပေမယ့် ကလင်တန်ဇနီးမောင်နှံကတော့ ဟောပြောပွဲတွေအတွက်  ဒေါ်လာသိန်းချီ ယူနေတဲ့အတွက် ဝေဖန်ခံပါတယ်။ ဟီလာရီဟာ ၂၀၁၃ ခုနှစ်မှာ နိုင်ငံခြားရေး ၀န်ကြီးအဖြစ်ကနေ အနားယူတဲ့နောက် စီးပွားရေးကုမ္ပဏီတွေက သူ့ကို ဟောပြောပွဲ တခါဖိတ်ရင် ဒေါ်လာ  ၂ သိန်းခွဲအထိ ဉာဏ်ပူဇော်ခပေးရပါတယ်။ ရီပက်ဘလစ်ကန် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် မာကို ရူပီယိုကလည်း ရွေးကောက်ပွဲကော်မရှင်ကို ပိုင်ဆိုင်ခွင့် တင်ပြရာမှာ အကြွေး ၄ သိန်းခွဲရှိပြီး အိမ်သုံးလုံးအတွက် ပေးချေဖို့ ကျန်တဲ့ငွေက ဒေါ်လာ ၁ သန်းလောက် ရှိတယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ အမေရိကန် ဥပဒေအရ သမ္မတလောင်းတွေဟာ မကြေညာခင် ရက်ပေါင်းသုံးဆယ်အတွင်း မိမိတို့ရဲ့ပိုင်ဆိုင်မှု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရပါတယ်။ ရီဗက်ပလစ်ကန် သမ္မတလောင်းအဖြစ် ၀င်ပြိုင်မယ် တက်ခရုနဲ့ ရန်ပေါတို့ကတော့ ပိုင်ဆိုင်မှုတွေကို မေ ၁၅ ရက်နေ့မှာ  မတင်ပြသေးဘဲ နောက်ဆုတ်ထားတယ်လို့ ၀ါရှင်တန်ပို့စ်သတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up