ခရိုင်တခုလုံးရှိ သုံးဘီးများဖြင့် စီတန်းလှည့်လည်ပြီး သတို့သမီးတင်တောင်း

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ပရာကန်ခရိုင် ဆမွတ်ပရကန်မြို့မှာ လူရွယ်တဦးက သူတို့ခရိုင်ထဲမှာ ရှိသမျှ  တုတ်တုတ် ခေါ် သုံးဘီးကားအားလုံးနဲ့ သတို့သမီးတင်တောင်းဖို့ စီတန်းလှည့်လည်ခဲ့ပါတယ်။ အသက် ၂၁ နှစ်ရွယ်ရှိ နိုင်းချတ်ချားနွန်း လို့ခေါ်တဲ့ လူရွယ်ဟာ မေလ  ၁၅ ရက် မနက် ၇ နာရီ အချိန်က သုံးဘီးကား အစီးပေါင်း ၅၀ နဲ့  အသက် ၂၂ နှစ်ရွယ်ရှိ  သူ့ချစ်သူ ဆကွန်းဝမ်း ကို သွားတင်တောင်းခဲ့တာ ဖြစ်ပါတယ်။ အခုလို သုံးဘီးကားနဲ့ စီတန်းလှည့်လည် တင်တောင်းရတာဟာ သတို့သားက သုံးဘီးကား ၀ပ်ရှော့ဆိုင်ပိုင်ရှင်တဦးဖြစ်သလို ငွေကုန်ကြေးကျသက်သာပြီး တမူထူးခြားတဲ့ အသွင်နဲ့ ကျင်းပလိုတာကြောင့် ခရိုင်တခုလုံးမှာရှိတဲ့ သုံးဘီးပိုင်ရှင်တွေ ဖိတ်ကြားပြီး စီတန်းလှည့်လည်ခဲ့တာလို့ သတို့သားဖခင်က သတင်းထောက်ကို ပြောပါတယ် ။ ဒီမနက် သတို့သမီးတောင်းပွဲက သုံးဘီးကားတန်းကို သတို့သမီးဘက်ကဆွေမျိုးတွေ သဘောကျသွားသလို မြို့သူမြို့သားတွေလည်း ပျော်ရွှင်စွာ အားပေးခဲ့ကြတယ်လို့ သတို့သားဖခင်က ပြောသွားပါတယ်။ ဓာတ်ပုံ - khaosod.co.th [gallery ids="93164,93165,93166,93167,93204"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up