DVB Logo
Home
မြန်မာသတင်း
စက္ကန့် ၃၀ အတွင်း အစားအစာထုတ်လုပ်သည့်စက် အစ္စရေးလူမျိုး တီထွင်
DVB
·
May 14, 2015
စက္ကန့် ၃၀ အတွင်း အစားအစာထုတ်လုပ်သည့်စက် အစ္စရေးလူမျိုး တီထွင်
1 / 7
Donate to DVB

အချက်အပြုတ်နည်းပညာကို တော်လှန်ပြောင်းလဲမယ့်အရာတခုပေါ်လာပါပြီ။ ဖုန်းပေါ်က ခလုတ် တခုနှိပ်လိုက်တာနဲ့ ဂျင်နီဟာ လူကြီးမင်းရဲ့စားဖိုမှူးဖြစ်လာမှာပါ။ ရောစပ်နယ်ဖက်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတခုခုကို စက္ကန့် ၃၀ အတွင်း ဖုတ်ပေးမှာဖြစ်ပါတယ်။

White Innovation ကုမ္ပဏီက အစ္စရေးလူမျိုး စွန့်ဦးတီထွင်သူတွေ ထုတ်လုပ်လိုက်တဲ့ ဒီကိရိယာမှာ ကော်ဖီဖျော်စက်က ကော်ဖီလှောင်ကန်လိုမျိုး ဟင်းလျာတွေကို ဖန်တီးမယ့် အကန့်ငယ်လေးတွေ ပါရှိပါတယ်။

"ဘယ်လို ဟင်းလျာပဲဖြစ်ဖြစ်ချက်လို့ ရပါတယ်။ ထမင်းနဲ့ကြက်သားလို အစားအစာမျိုး ရွှေချီနဲ့ ဟင်းသီးဟင်းရွက် အသားပေါင်းလိုမျိုး ဒါမှမဟုတ် ဂျပန်ခေါက်ဆွဲပြုတ် ဒါမှမဟုတ် ချော့ကလက် ဆူဖယ်လ် လိုမုန့်ပွမျိုး ဒါမှမဟုတ် အခြားအချိုမုန့်စတဲ့ ကိုယ်ကြိုက်တဲ့ အစားအစာမှန်သမျှ လုပ်လို့ ရတယ်။ သဘာဝပါဝင်ပစ္စည်းတွေကိုပဲ သုံးထားတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ တာရှည်ခံ ဆေးတွေနဲ့ တခြားဟင်းအခတ်တွေ သုံးမထားပါဘူး။"

ဒီအကန့်လေးတွေထဲက သဘာဝပါဝင်ပစ္စည်းတွေကို အအေးခံခြောက်သွေ့ထားတဲ့ အတွက် ၁ နှစ်ကနေ ၂ နှစ်ထိ ထားနိုင်ပါတယ်။ ခုဆိုရင် အစ္စရေးလူမျိုးစားဖိုမှူးတွေဟာ ဂျင်နီဆိုတဲ့ ဟင်းချက် ကိရိယာနဲ့ ဟင်းအမယ်သစ်တွေကို စတင်ချက်ပြုတ်နေကြပါပြီ။ သကြားမပါ ပရိုတိန်းဓာတ်လျှော့ ထားတဲ့ အစားအစာတွေကိုပါ ပေါင်းထည့်ဖို့ စီစဉ်ထားပါတယ်။

White Innovation ကုမ္ပဏီရဲ့ နည်းပညာမှူး ဒေါ်ရွန်မာကို ကတော့ ဒီကိရိယာကို Star Trek ဇာတ်ကားထဲက အာကာသလွန်းပျံ ယာဉ်ပေါ်မှပါတဲ့ အစားအစာထုတ်လုပ်တဲ့စက်ကို တုပပြုလုပ်ထားတာပါလို့ ဆိုပါတယ်။ ဂျင်နီဟာ ဟင်းအမယ်ပေါင်းများစွာချက်နိုင်တယ်ဆိုပေမယ့် နောင်တချိန်မှာ လူတဦးချင်းစီရဲ့ အဟာရ လိုအပ်ချက်ကို တွက်ချက်ပေးနိုင်အောင် ဒီစနစ်ကို ပြန်လည်မွမ်းမံထားပါတယ်။

"တချိန်ကျရင် ဂျင်နီက လူကြီးမင်းတို့ရဲ့ ဂေဟ၀န်းကျင်ကိုပါ သိနေပြီး ဟင်းအမယ်တွေကို ကြိုပြင် ပေးထားမှာပါ။ လူကြီးမင်းအဖို့ အရသာရှိရှိစားနိုင်မှာမို့ ပိုပြီးကျန်းမာလာမှာပါ။"

မကြာခင်က ရာမတ်ဟာရှရွန်မြို့က ကော်ဖီဆိုင်တစ်ခုမှာ အရသာမြည်းစမ်းတဲ့ပွဲတစ်ခု ကျင်းပခဲ့ ပါတယ်။ ဂျင်နီရဲ့လက်စွမ်းပြထားတဲ့ ချောကလက်ဆူဖယ်လ် ကို အထူးလူကြိုက်များခဲ့ပါတယ်။

"အရမ်းကောင်းတယ်။ ချောကလက်အရသာပေါ်တယ်။ အရသာက မွှတ်ညက်နေတာပဲ။ ဒီစက်ထဲ ကနေ ခုလိုအရသာရှိတဲ့ စားစရာတွေထွက်လာတာ အံ့သြဖို့သိပ်ကောင်းတယ်။"

ဂျင်နီကို လာမယ့်နှစ်ကစလို့ ဖြန့်ချိတော့မှာပါ။ တန်ဖိုးက ဒေါ်လာရာဂဏန်းလောက်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ တီထွင်သူတွေကတော့ ဒီကိရိယာထဲမှာပါတဲ့ ရောစပ်ပြီးဟင်းတောင့်တန်ဖိုးနဲ့ အလားတူ ဟင်းလျာတခွက်ရဲ့တန်ဖိုး နှိုင်းယှဉ်ကြည့်လို့ရတယ်လို့ ဆိုပါတယ်။ ခုဆိုရင် Star Trek ဇာတ်ကား ထဲက ပုံတူပွားစက်ဟာ လက်တွေ့ဘ၀နဲ့ အလှမ်းမဝေးတော့ဘူးလို့ ဆိုရတော့မှာပဲဖြစ်ပါတယ်။

[gallery ids="93009,93010,93011,93012,93013,93014,93015"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013