Homeမြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဗကသများ အဖွဲ့ချုပ် ခွပ်ဒေါင်းအလံများနှင့် ကြိုဆို (ရုပ်သံ)
ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံပြည်သူများကို ဗကသများ အဖွဲ့ချုပ် ခွပ်ဒေါင်းအလံများနှင့် ကြိုဆို (ရုပ်သံ)
DVB
·
May 12, 2015
လက်ပံတန်းကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထားတဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ အယောက် ၇၀ ကို မေလ ၁၂ ရက်နေ့မှာ သာယာဝတီ တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ကို ရုံးထုတ်စစ်ဆေးပြီး သာယာဝတီအကျဉ်းထောင်ဆီ ပြန်အပို့ လမ်းခုလတ်မှာ ဗကသများ အဖွဲ့ချုပ် ကျောင်းသားတွေနဲ့ ပြည်သူတွေက ခွပ်ဒေါင်းအလံတွေ၊ သပိတ်ဟစ်ကြွေးသံတွေနဲ့ စောင့်ကြို နှုတ်ဆက် အားပေးခဲ့ကြပါတယ်။
Pyi