Home
မြန်မာသတင်း
လက်လွတ် ဆက်သွယ်ရေး ကိရိယာ
DVB
·
May 10, 2015
30.Hands free talk with global reach and style
29.Hands free talk with global reach and style
28.Hands free talk with global reach and style
27.Hands free talk with global reach and style
26.Hands free talk with global reach and style
25.Hands free talk with global reach and style
24.Hands free talk with global reach and style
23.Hands free talk with global reach and style
နေ့ရောညပါ ဘယ်အချိန်မှာပဲဖြစ်ဖြစ် လူတိုင်းရဲ့ လက်ထဲမှာ စမတ်ဖုန်းတလုံး ကိုင်ထားတာကို တွေ့ရမှာပါ။ ဆန်ဖရန်စ္စကိုအခြေစိုက် အော်ရီယွန်ကုမ္ပဏီက ဂျက်ဆီရောဘင်နဲ့ ဂရက်အောဘရက်ခ်ျတို့က လူတွေရဲ့ လက်ကို အနားရစေမယ့်နည်းလမ်းတခုကို ကြိုးစား ရှာဖွေခဲ့ပါတယ်။ လူတိုင်းအဖို့ သူတို့စမတ်ဖုန်းတွေကို ငုံ့ကြည့်နေစရာမလိုဘဲ အချိန်နဲ့ တပြေးညီ ဆက်သွယ်နိုင်မယ့် နည်းလမ်းတခု ရှာမယ်လို့ အတွေးရသလို လက်ရှိ လုပ်နေတဲ့ အလုပ်ကို ဆက်လုပ်ရင်း ဖုန်းဆက်နိုင်မယ့် ကိရိယာ တခုကို ဖန်တီးချင်တဲ့ ဆန္ဒရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ရှာဖွေမှုရဲ့ရလဒ်အဖြစ် ၀တ်ဆင်ထားနိုင်တဲ့ အောနစ်ခ်စ် ကိရိယာလေး ထွက်ပေါ် လာခဲ့ပါတယ်။ ဒီကိရိယာလေးက ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကို အိတ်ထဲ ထည့်ထားရင်းနဲ့ ဆက်သွယ်လို့ ရပါတယ်။ ဈေးကွက်ထဲမှာ "လက်လွတ်"ဆက်သွယ်ရေးကိရိယာတွေ အများကြီး ရှိပေမယ့် ဒီကုမ္ပဏီမှာတော့ ကုတ်ဒ်ရေးသွင်းသူတွေ ဆန်းသစ်ဖန်တီးသူတွေ ရှိတဲ့အတွက် နှာတဖျားသာသွားခဲ့တာ ဖြစ်ပါတယ်။ တခြား ဆက်သွယ်ရေး ပစ္စည်းတွေနဲ့ မကွာခြားလှပေမယ့် အဓိကတော့ ဘလူးတုသ်ဆက်သွယ်ရေး ဖြစ်သလို ထူးခြားတာကတော့ အောနစ်ခ်စ်က အော်ရီယွန်ကွန်ရက်ကို သုံးပြီး တခြား ဆက်သွယ်ရေးကိရိယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ အစွမ်း ရှိပါတယ်။ ကိုယ့်ဖုန်းထဲက အက်ပလီကေးရှင်းနဲ့ အော်ရီယွန် ကွန်ယက်ထဲကို ၀င်နိုင်တဲ့အစွမ်းက ဒီကုမ္ပဏီကို ခြေတလှမ်း သာသွားစေတဲ့အချက်ပါပဲ။ ဘယ်လို ဖုန်းဝန်ဆောင်မှု အမျိုးအစားပဲ သုံးသုံး ဘယ်နေရာပဲ ရောက်နေရောက်နေ ခလုတ်တချက် နှိပ်လိုက်ရုံနဲ့ ဒီကိရိယာသုံးတဲ့သူရော မသုံးတဲ့သူတွေနဲ့ပါ ဆက်သွယ်လို့ ရပါတယ်။ တာဝေးအတွက်ကတော့ အင်တာနက်ကို သုံးလို့ရသလို ပါလောကျွန်းစုကနေ အမေရိကကို လှမ်းပြီး ဆက်သွယ်မယ် ဆိုရင်တော့ အင်တာနက်ကို သုံးရပါတယ်။ ဒီကွန်ယက်က သုံးစွဲသူတွေကို အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ၊ ဆက်သွယ်မယ့် သူတွေရဲ့ ရပ်ညွှန်းတွေနဲ့ သူတို့ရဲ့ အွန်းလိုင်းအခြေအနေတွေကို ထောက်ပံ့ပေးပါတယ်။ ရော်ဘင်တို့ ကုမ္ပဏီကတော့ ဒီကိရိယာရဲ့ အရွယ်အစား ကျုံ့သွားပြီး ကွန်ရက်ဖြန့်ကျက်နိုင်စွမ်း မြင့်လာကာ တီဗွီကနေ အခြားလျှပ်စစ်ပစ္စည်းတွေထိ အသုံးအဆောင်မှန်သမျှကို နှုတ်မိန့်နဲ့ စေခိုင်းနိုင်မယ့်နေ့တနေ့ ရောက်လာတောမယ့်လို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီက ဖွံ့ဖြိုးလာနေသလို ဖက်ရှင်အသည်းကျော်တွေကို ဦးတည်တဲ့ ရူဘီဆိုတဲ့ ကိရိယာအသစ်တခုကို ဒီနှစ် ကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။ [gallery ids="92445,92446,92447,92448,92449,92450,92451,92452"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024