ပတ်ကွီရို ပခုံးခွဲစိတ်မှု အောင်မြင်

ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပတ်ကွီရိုရဲ့ ညာဘက်ပခုံးခွဲစိတ်မှု အောင်မြင်တယ်လို့ ခွဲစိတ်ဆရာဝန်က ပြောပါတယ်။ မေ ၆ ရက်က အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ခွဲစိတ်တာဖြစ်ပြီး ပတ်ကွီရို အမြန် နာလန်ထူလာဖို့ မျှော်လင့်တယ်လို့ ခွဲစိတ် ဆရာဝန်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးပါတယ်။ ပတ်ကွီရိုဟာ မေ၀ယ်သာနဲ့ ထိုးသတ်ဖို့ လေ့ကျင်နေစဉ်မှာ ပခုံးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာနဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကို ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ အတွက် နီဗာဒါးပြည်နယ် ပြေးခုန်းပစ်ကော်မရှင်ရဲ့ ဒဏ်ကြေးနဲ့ ပြစ်ဒဏ်ကို ပတ်ကွီရိုက ကျခံရဖို့ ရှိနေပါတယ်။ ဒါ့အပြင် လိမ်လည်တယ်လို့ ခံစားရတဲ့ လက်ဝှေ့ ပရိသတ်တွေရဲ့ တရားစွဲဆိုတာကို ပတ်ကွီရိုက ရင်ဆိုင်ရနိုင်တယ်လို့ သတင်းမှာရေးပါတယ်။

More News
Up