DVB Logo
Home
မြန်မာသတင်း
သတိပေးတားမြစ်ချက်ကြားမှ ကရင်နီတပ်ဖွဲ့ဝင်များ လွိုင်ကော်ရောက်ရှိ
DVB
·
May 8, 2015
သတိပေးတားမြစ်ချက်ကြားမှ ကရင်နီတပ်ဖွဲ့ဝင်များ လွိုင်ကော်ရောက်ရှိ
Donate to DVB

သံလွင်မြစ် အနောက်ဘက်ကမ်းကို လက်နက်ကိုင်ဆောင်ဝင်ရောက်လာတဲ့ ကေအန်ပီပီ (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) ကို ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့  ဒေသကွပ်ကဲရေးမှူးတို့က ခေါ်ယူသတိပေးခဲ့ပေမယ့် အဲဒီတပ်ဖွဲ့ဝင်တွေဟာ လွိုင်ကော်မြို့နယ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။

သူတို့တပ်ဖွဲ့တွေ ရောက်ရှိမှုအခြေအနေနဲ့ ပါတီခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရေးအတွက် မေလ ၇ ရက် နေ့မနက်က နယ်လုံမှူး၊ ဒကစမှူးတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့  ကေအန်ပီပီ လွိုင်ကော်ဆက်သွယ်ရေး ရုံးတာဝန်ခံ ဦးညေးရယ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က လူထုနဲ့ တွေ့ဆုံဖို့သက်သက်ပဲ၊ တိုက်ဖို့ခိုက်ဖို့ စစ်ရေးပြင်ဖို့လာတာ မဟုတ်ဘူး။ သူတို့ကလည်း ကျနော်တို့ပြောတာကို ယုံပါတယ်တဲ့။ ဒါပေမယ့် အထက်အမိန့်ကိုတော့ မလွန်ဆန်နိုင်ဘူးပေါ့နော်၊ ကြားထဲက လုပ်ကိုင်ရ အကျပ်အတည်းရှိတယ်၊ ပြဿ    နာမဖြစ်အောင် နှစ်ဖက်လုံး ထိန်းဖို့လိုတယ်လို့ ပြောပါတယ်။ ခုလောလောဆယ် ကျနော်တို့ အထက်လူကြီးတွေလည်း ၀ဒေသ အစည်းအဝေးကနေ ပြန်မရောက်သေးလို့  ပြန်လာရင် ညှိနှိုင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ပါတယ်။”

အဲဒီ တွေ့ဆုံမှုမှာ ကေအန်ပီပီဘက်က အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ပါ ပါဝင်ပြီး အစိုးရတပ်ဘက်က   နယ်လုံမှူးး ဗိုလ်မှူးကြီး ဇော်မျိုးတင် နဲ့ ဒကစမှူး ဗိုလ်မှူးကြီးအေး လွင်၊ ဂျီဝမ်း၊ ဂျီတူး၊ စရဖဗိုလ်ကြီးတွေ ပါဝင်တယ် လို့ သူကဆက်ပြောပါတယ်။

ကေအန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဟာ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပဏာမအပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီး သတ်မှတ်ထားတဲ့နေရာမှာပဲ နေထိုင်ဖို့၊ သတ်မှတ်နေရာကအပ အခြားနေရာကို လက်နက်ကိုင်စွဲပြီး ၀င်ရောက်ခြင်းမပြုဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကေအန်ပီပီ တပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်ကိုင်စွဲပြီး ၀င်ရောက်လာတဲ့နေရာတွေဟာ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေပါ သွားလာလှုပ်ရှားနေတဲ့ နေရာတွေ ဖြစ်နေတာကြောင့် မလိုလားအပ်တဲ့ ပြဿ   နာတွေ ဖြစ်ပေါ်လာနိုင်သလို ငြိမ်းချမ်းရေးကိုလည်း ထိပါးမှာစိုးတဲ့အတွက် ကေအန်ပီပီအဖွဲ့က ဦးထဲဖူးနဲ့ ဦးဧရိယာတို့ကို ပြည်နယ်ဝန်ကြီးချုပ်က မေလ ၁ ရက်နေ့မှာ၊ ဒေသကွပ်ကဲရေးမှူးက မေလ ၂ ရက်နေ့မှာ အသီးသီး ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေဟာ မေလ ၁ ရက်နေ့က  ရှားတောမြို့နယ်ထဲ ၀င်ရောက်ခဲ့ပြီး မေလ ၇ ရက်နေ့မှာတော့ လွိုင်ကော်မြို့ မြောက်ဘက် ရှမ်းကယားနယ်စပ် တီးလိုကျေးရွာအုပ်စုထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ဟာ တောတွင်းထဲမှာသာ မိုးကာတဲနဲ့ နေထိုင်ပြီး ကျေးရွာပြည်သူတွေနဲ့ နယ်လှည့်တွေ့ဆုံမှာဖြစ်ကြောင်း၊ ပြည်သူတွေနဲ့ တွေ့ဆုံရာမှာ လက်ရှိအစိုးရနဲ့ သူတို့အခြေအနေတွေ ရှင်းလင်းပြောပြမှာ ဖြစ်သလို ဆေးတပ်သားတွေက ရွာသားတွေရဲ့ ကျန်းမာရေးပါ စစ်ဆေးကူညီပေးမယ်လို့ ဦးညေးရယ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013