ဒုတိယကမ္ဘာစစ်မီးအတွင်းက မြန်မာနိုင်ငံ (ရုပ်သံ)
DVB
·
May 7, 2015

၁၉၄၁ ကနေ ၁၉၄၅ ခုနှစ်အတွင်း ဒုတိယကမ္ဘာစစ်မီးက ကမ္ဘာတ၀ှမ်း ကူးစက်တောက်လောင်ခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း ဗုံးဒဏ်၊ စစ်ဒဏ်တွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဂျပန် တိုက်လေယာဉ်တွေ ဗုံးကျဲတိုက်ခိုက်မှု၊ စစ်ပြေးဒုက္ခသည်တွေရဲ့ နွားလှည်းတန်းနဲ့ မြန်မာနိုင်ငံရဲ့ ၁၉၄၂ ခုနှစ် လေအတွင်းက မြန်မာပြည်ရဲ့ ဒုတိယကမ္ဘာစစ် မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။
၁၉၄၁ ကနေ ၁၉၄၅ အထိ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲတခုကိုလည်း ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်မှာ မေလ (၇)ရက်နဲ့ (၈)ရက် နှစ်ရက်တာ ခင်းကျင်းပြသသွားပါတယ်။