ဒရုန်းယာဉ်များကို လူ့၏ စိတ်ဖြင့် ထိန်းချုပ်မောင်းနှင်နိုင်ပြီ

ပျံသန်းနေတဲ့ ဒရုန်းကို လူ့ရဲ့စိတ်နဲ့ ထိန်းချုပ် မောင်းနှင်နေနိုင်ပါပြီ။ စိတ်စွမ်းအင်ရဲ့ အထင်ကြီးလောက်စရာ နမူနာတခုပါပဲ။ ပေါ်တူဂီနည်းပညာကုမ္ပဏီဖြစ်တဲ့ တက်ကီဗာဟာ EEG အုပ်ဆောင်းကို သုံးပြီး ပိုင်းလော့ရဲ့ ဦးနှောက်လှိုင်းတွေကို ဒရုန်းကို ညွှန်ကြားတဲ့အမိန့်တွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကုမ္ပဏီရဲ့စီအီးအို ပက်ဒရိုစင်နိုင်ဂါ့စ် က ခုလို ရှင်းပြပါတယ်။ 8.Mini army drones developed"တက်ကီဗာကုမ္ပဏီက သုံးတဲ့ နည်းပညာကတော့ ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို စုစည်းပြီး ညွှန်ကြားချက်အဆင့်ဆင့်ကို တကယ့်ထိန်းချုပ်စေစားချက်တွေအဖြစ် အသွင်ပြောင်းပြီး ဒရုန်းယာဉ်ရဲ့ ကိရိယာတိုင်းဆီကို ပို့လွှတ်ပေးပါတယ်။" ပိုင်းလော့က ဒရုန်းပျံသန်းရမယ့်လမ်းကြောင်းကို ထိန်းချုပ်နေစဉ်မှာ တက်ကီဗာရဲ့ သုတေသနပညာရှင်တွေက မပျံသန်းခင်မှာ ဆောင်ရွက်ရမယ်တာဝန်တွေကို သုံးသပ်ပါတယ်။ ဒီကုမ္ပဏီမှ ရီကာဒိုမန်းဒပ်စ်ကတော့ ဒီနည်းပညာကို ကူးသန်းပို့ဆောင်ရေး လေကြောင်းလိုင်းတွေမှာ အသုံးချဖို့ စိတ်အားထက်သန်နေပါတယ်။ "ကျနော်တို့က ဒီနည်းပညာကို ဒီထက်ပိုပြည့်စုံအောင်လုပ်ပြီး လက်တွေ့ ချပြချင်တယ်။ အာဏာပိုင်တွေနဲ့ တွဲပြီး ဒီနည်းပညာကို လေယာဉ်တည်ဆောက်မှုအတတ်နဲ့ လေကြောင်း လောကထဲထိ ဆောင်ကျဉ်းပေးချင်တယ်။ ဒီလိုလုပ်ဖို့ကတော့ ၁၀ နှစ်လောက်အချိန်ယူရဦးမှာပါ။" 4.Pilots fly drones using mind over matterဦးနှောက်နဲ့ ထိန်းချုပ်ပျံသန်းတဲ့နည်းပညာကတော့ ပျံသန်းမှုနဲ့ မဆိုင်တဲ့နယ်ပယ်တွေမှာလည်း အသုံးတွင်ကျယ်လာဖို့ ရှိပါတယ်။ "ဒီနည်းပညာသာ တကယ်တမ်း အသုံးချနိုင်ခဲ့ရင် ကိုယ့်အိမ်ထဲကို ၀င်လိုက်တာနဲ့ ကိရိယာတွေကို စိတ်နဲ့ စေခိုင်းတာ ဖြတ်တောက်တာတွေ လုပ်လို့ ရလာမယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က မသန်စွမ်းသူဖြစ်နေမယ်ဆိုရင်တောင်မှ ၀ှီးချဲ့ကို စိတ်နဲ့ ထိန်းချုပ်ညွှန်ကြားနိုင်မှာပါ။ ဒါဟာ ကျနော်တို့ရဲ့ ပန်းတိုင်ပါ။" တက်ကီဗာကုမ္ပဏီကတော့ နောင်တချိန်ကျရင် ဒီပရောဂျက်ဟာ လေယာဉ် ပျံသန်းနေစဉ်မှာ ပိုင်းလော့တွေရဲ့ ဦးနှောက်ကိုရော ခန္ဓာကိုယ်ကိုပါ အနားရစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောင် အနာဂတ်မှာ ပိုင်းလော့မပါတဲ့လေယာဉ်တွေဟာ ပျော်စရာခရီးစဉ်တွေကို ဆောင်ကျဉ်းလာနိုင်မှာပဲ ဖြစ်ပါတော့တယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up