Home
မေးမြန်းခန်း
မရှိနွမ်းပါးသူတွေ ထမင်းတပွဲ ၂၀၀ နဲ့ ဗိုက်ရိုက်စားနိုင်ပြီ - ဒေါက်တာနန္ဒ၀င်း
အေးနိုင်
·
May 5, 2015
11130233_677014242442545_8185092238241947844_n
11179967_668869529923683_5515842470951131417_n
11150403_668869599923676_7495570937061488899_n
11173372_671631169647519_8914401558994155284_n
11149429_668869633257006_8187022208426824646_n
11169835_675487842595185_6362233154521364427_n
11113918_675487972595172_606875927447087887_n
11156378_668869563257013_1711919264212438480_n
22823_671631209647515_6541581512498106498_n
ဧရာဝတီတိုင်း ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်မှာ မြို့နယ်ကျန်းမာရေးဦးစီးမှူးက ဦးစီးပြီး အာဟာရပြည့်စုံတဲ့ တန်ဖိုးသင့်ညစာကို ဆင်းရဲနွမ်းပါးသူတွေနေထိုင်တဲ့ လူနေ ရပ်ကွက်တွေထဲထိ ဆိုက်ကားတွေနဲ့ လိုက်လံရောင်းချပေးနေပါတယ်။ [caption id="attachment_91699" align="alignleft" width="512"]မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာနန္န၀င်းအား မြင်တွေ့ရစဉ် မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာနန္န၀င်းအား မြင်တွေ့ရစဉ်[/caption] မြို့နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ နန္ဒ၀င်းရဲ့ ဦးဆောင်မှုနဲ့ ဆေးရုံဝန်ထမ်းမိသားစုဝင်တွေစုပေါင်းပြီး လုပ်ဆောင်တဲ့အစီအစဉ်ဖြစ်ပြီး ထမင်းတပွဲကို ကျပ် ၂၀၀ ပဲကျသင့်ပါတယ်။ ဧပြီလ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ ဒီအစီအစဉ်မှာ ထမင်းနဲ့သီးစုံပဲကုလားဟင်းတပွဲကို ကျပ် ၂၀၀ နဲ့ ၀က်သားဟင်းနဲ့က ကျပ် ၃၀၀၊ ကြက်သားဟင်းက ကျပ် ၅၀၀ နဲ့ သုံးမျိုးကိုသာ ရောင်းချနေတာဖြစ်ပြီး တစတစ ဖြစ်ထွန်းတိုးတက်လာတယ်လို့ ဒေါက်တာ နန္ဒ၀င်းက ပြောပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်လိုသူများရှိရင်လည်း ကူညီပေးဖို့ အဆင်သင့်ပဲလို့ သူက ပြောပါတယ်။ ဒေါက်တာနန္ဒ၀င်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး) နာမည်လေးလည်း မိတ်ဆက်ပေးပါ။ ဘယ်မှာနေတာလဲ။ ဖြေ) ကျနော်နာမည် နန္ဒ၀င်းပါ၊ အင်္ဂပူမြို့နယ်မှာ တာဝန်ကျနေပါတယ်။ အင်္ဂပူမြို့နယ်က မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး။ အရပ်အခေါ်ဆိုရင်တော့ မြို့နယ်ဆရာဝန်ပေါ့။ မေး) အများပြည်သူ စားသုံးနိုင်အောင် “တန်ဖိုးသင့်ညစာ” ရောင်းတဲ့အစီအစဉ်ကို ဘယ်လို  စလုပ်ဖြစ်တာလဲဆိုတာ အရင်ဆုံး ပြောပြပေးပါလား။ 11156378_668869563257013_1711919264212438480_nဖြေ) ပြောရမယ်ဆိုရင် နည်းနည်းတော့ရှည်မယ်။ ကျနော်က ဆရာဝန်ဖြစ်ခဲ့တာ ကြာပြီ ၁၅ နှစ်၊ ၁၆ နှစ်ရှိတဲ့အခါ ကျတော့ ကျနော့်ဆေးခန်းကိုလာပြတဲ့လူနာတွေ၊ ကျနော်ကြည့်တဲ့လူနာတွေကို ကျနော် ပြောပါတယ်။ ကျနော့်မှာလည်း သွေးတိုးတဲ့လူနာ တော်တော်များတယ်ပေါ့နော်။ ကျနော်သူတို့ကို အငန်တွေ မစားဖို့ပြောတယ်။ ၀က်သားတို့၊ အမဲသားတို့၊ ဘဲသားတို့ တက်စာတွေ မစားဘို့ အဲဒါကို ကျနော် အမြဲတမ်းပြောပါတယ်။ ပြောတော့ သူတို့က ဒီပြင်တက်စာတွေတော့ ရှောင်နိုင်ပါတယ်၊ တောသူတောင်သားတွေအနေနဲ့က ငပိချက်ကို မစားရင်တော့ သူတို့မှာ စားစရာမရှိဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ ကျနော်ကလည်း တရက်လည်းကျရော သူတို့ကိုမပြောဘဲနဲ့ သူတို့ထမင်းစားတဲ့နေရာ လိုက်ကြည့်တော့ ကျနော်တို့ တောသူတောင်သားတွေမှာ၊ ဆင်းရဲနွမ်းပါးတဲ့ တော်တော်များများလူတွေမှာ တကယ် ငါးပိချက်အိုးတည်းနဲ့ပဲ ထမင်းစားနေတဲ့ ဘ၀တွေကို တွေ့ပါတယ်။ တွေ့လည်းတွေ့ရော ကျနော် စိတ်မကောင်းဘူးပေါ့နော်။ သူတို့တွေမှာ ကောင်းကောင်းမွန်မွန်အစားအစာလေးကို စားစေချင်တယ်ပေါ့။ အဟာရနဲ့ပြည့်ဝတဲ့ အစားအစာလေးကို စားစေချင်တော့။ ဒါပေမယ့် သူတို့မှာလည်း ဘယ်လိုမှ ငွေကြေးနဲ့က အလုပ်လုပ်လာလည်း ပင်ပင်ပန်းပန်းနဲ့ ဒါတွေလည်း မချက်နိုင်တဲ့အခါမျိုးကျတော့ သူတို့တွေက ဒါမျိုးတွေကို မလုပ်နိုင်ဘူးပေါ့နော်။ မလုပ်နိုင်တော့ အဲဒါ ကျနော်က ကျနော့်မွေးနေ့တို့၊ ကျနော်တို့မှာ အကြောင်းအရာ တခုခု ပေါ်လာရင် သူတို့ကို စတုဒီသာလေးတွေ ကျွေးပါတယ်။ စတုဒီသာမှာ အဆင်ပြေအောင် အဟာရပြည့်ဝအောင် ကျွေးတယ်။ တလ တခါလောက်ကို ကျနော် အလှူရှင်တွေ၊ ဘာတွေရှာပြီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွက်တွေမှာ ကျနော် လိုက်ကျွေးဖြစ်တယ်။ ကျွေးဖြစ်တဲ့အခါ ဘာပြသနာက သွားတွေ့ပြန်သလဲဆိုတော့ တချို့လူတွေကပြောတယ်။ ဆင်းရဲသားမှာလည်း ဆင်းရဲသားမာနပေါ့။ ငါတို့တွေက စတုဒီသာ လိုက်စားနေရအောင် သူတောင်းစားမှ မဟုတ်တာ။ သူတို့က လာလာပင့်တယ်ပေါ့။ ကျနော်က စိတ်မကောင်းဘူးဗျ။ အဲဒါနဲ့ ကျနော်လည်း တော်တော်ကြီးစဉ်းစားတော့ သူတို့ကို အဲလိုလုပ်မယ့်အစား အရင်းအတိုင်းအနေနဲ့၊ အကျိုးအမြတ်မရှိဘဲ ရောင်းနိုင်ခဲ့ရင်ဆိုတာ ကျနော် အမြဲတမ်း အိပ်မက်မက်ခဲ့ပါ11113918_675487972595172_606875927447087887_nတယ်။ အခု ကျနော်ဒီမှာ တာဝန်ကျတဲ့အခါကျတော့ ကျနော့်ဆေးရုံက ၀န်ထမ်းမိသားစုတွေက အင်မတန် ညီညွတ်ကြပါတယ်။ အားလုံးကလည်း ဆွေမျိုးတွေလိုပဲ ဖြစ်လာတဲ့အခါကျတော့ ကျနော် သူတို့နဲ့ အဲဒီကိစ္စကို ချပြကြည့်ပါတယ်။ ၀န်ထမ်းတွေကတော့ ဆေးရုံအလုပ်လုပ်ပေါ့။ ကျန်တဲ့ ၀န်ထမ်းမိသားစုတွေက ကျနော်က ငွေအရင်းအနှီးလေး စိုက်ထုတ်မယ်။ အဲဒီတော့ အရင်းလောက်နီးပါး ပိုက်ဆံကလေးနဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေအတွက် အဟာရပြည့်ဝတဲ့ အစားအစာလေးများဖြစ်အောင် လုပ်ရမယ်ဆိုပြီး ကျနော်က ချပြတဲ့အခါကျတော့ သူတို့ကလည်း လိုက်လိုက်လျောလျောနဲ့ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ကျနော်က သီးစုံကုလားဟင်းနဲ့ ထမင်းနဲ့ဆိုရင် ၂၀၀၊ ၀က်သားနဲ့ ထမင်းနဲ့ဆိုရင် ၃၀၀၊ ကြက်သားနဲ့ထမင်းနဲ့ဆိုရင် ၅၀၀ ဆိုပြီးတော့ အရင်းအတိုင်းနီးပါးပါပဲ ကျနော် တွက်ပြီးတော့ ရောင်းချခဲ့တဲ့အခါမျိုးကျတော့။ ကျနော်တို့ ပထမ အိမ်ထောင်စု တစ်ရာအတွက်ကိုပဲ ရည်စူးပြီးတော့ ရှေ့ပြေးစလုပ်ပါတယ်။ လုပ်တဲ့အချိန်မှာပဲ ပြိုက်ကနဲ ကုန်ပါတယ်။ သီးစုံကုလားဟင်းထဲမှာ အထဲမှာ လိုအပ်တဲ့ အဟာရ ခြောက်မျိုးစလုံး ပါတာပေါ့နော်။ ပဲလည်း ပါတယ်။ အသီးအနှံလည်းပါတယ်ဆိုတော့ လူတယောက်အတွက် လိုအပ်တဲ့ Basic Nutrition (အခြေခံအဟာရ) တွေ ခြောက်မျိုးလုံး ပါတဲ့အခါကျတော့ အဆင်ပြေပါတယ်။ ဗမာလူမျိုးကလည်း သီးစုံပဲဟင်းကို အင်မတန် ကြိုက်တဲ့လူမျိုး၊ ကျပ် ၂၀၀ တည်းနဲ့လည်း စားနိုင်တော့ အဲဒါက ဟင်းဘိုးလောက်ပဲ ရှိတယ်ဆိုပြီးတော့ တခဲနက် အားပေးပါတယ်။ အဲဒီတော့ ကျနော်က အဲဒီအလုပ်ကို အခုဆိုရင် ဆိုက်ကားတစီးကနေ နှစ်စီး၊ ပြီးခဲ့တဲ့လက တစီးနဲ့ လုပ်ခဲ့တယ် အောင်မြင်တယ်။ ကျနော်အခု ဆက်ပြီး ကျနော့်ဝန်ထမ်းတွေနဲ့ ၀န်ထမ်း မိသားစုတွေနဲ့ တွေ့တယ်။ ထပ်ချဲ့တယ်။ အခုဆို ကျနော် ဆိုက်ကား နှစ်စီးဖြစ်သွားပါပြီ။ မကြာခင်မှာပဲ ကျနော် သုံးစီး၊ လေးစီးလောက်ထိ ချဲ့ဖို့အထိ အစီအစဉ်ရှိပါတယ်။ အခုဆိုသူတို့ ညနေ လေးနာရီကျော်ရင် ကျနော့်ဝန်ထမ်းတွေရဲ့ မိသားစုတွေ သူတို့တွေ အရောင်းထွက်သွား ပါပြီ။ ခဏလေးအတွင်း တစ်နာရီ၊ တစ်နာရီအတွင်းမှာ ဒါတွေက ပြိုက်ကနဲ ကုန်သွားပါတယ်။ မေး) တရက်ကို ရောင်းကြေး ဘယ်လောက်ရှိလဲ။  ဘယ်လောက်လောက်မြတ်လဲ။ 11169835_675487842595185_6362233154521364427_nဖြေ) အခုချိန်မှာတော့ ဆိုက်ကားနှစ်စီးထွက်ပါတယ်ခင်ဗျာ။ ဆိုက်ကားတစီးကို ပျမ်းမျှခြင်းအားဖြင့် ငွေ နှစ်သောင်းဖိုးလောက် ရင်းနှီးရပါတယ်။ ပြန်ရတဲ့ငွေကတော့ ဆိုက်ကားတစီးဆိုရင် တခါတလေကျတော့ ကျနော်တို့ အသားကောင်းရတဲ့ပေါ်မှာ မူတည်ပါတယ်ခင်ဗျ။ တကယ်လို့ ၀က်သားက အဆီများသွားတယ်ဆိုရင်၊ ၀က်သားတို့၊ ကြက်သားတို့က ကျနော်တို့အတွက် မမြတ်ပါဘူး။ သီးစုံကုလားဟင်းကတော့ ကျနော်တို့အတွက်ကို အမြတ်ကျန်ပါတယ်။ ပျမ်းမျှခြင်းအရဆိုရင် တရက်ကို ဆိုက်ကားတစီးကို (တစ်ထောင့်ငါးရာကျပ်)၊ နှစ်ထောင်ကျပ်လောက် မြတ်ပါတယ်။ မေး) သီးစုံဟင်း၊ ကြက်သားနဲ့ ၀က်သားဟင်း၊ ထမင်း လေးမျိုးကို ဘယ်လိုမျိုး စီမံချက်ပြုတ်ကြလဲ။ ဖြေ) ကျနော်တို့မှာ ချက်ပြုတ်ရေးအဖွဲ့နဲ့ ရောင်းချရေးအဖွဲ့ဆိုပြီးတော့ နှစ်မျိုးခွဲထားပါတယ်။ ချက်ပြုတ်ရေးအဖွဲ့ကတော့ ကျနော့်ဝန်ထမ်းအမျိုးသားတွေရဲ့ ဇနီးတွေပါ။ သူတို့ မိသားစုဝင်တွေနဲ့ ချက်ပါတယ်။ မိုးဗြဲဒယ်ကြီး နှစ်အိုးနဲ့ သီးစုံကုလားဟင်းကို ချက်ပြီးတော့ ကြက်သားကတော့ ဆိုက်ကားတစီးကို ကြက် ငါးဆယ်သား၊ ၀က်က တပိသာခွဲ ချက်ပါတယ်။ နှစ်ခုဆိုရင် ကြက် တပိသာ၊ ၀က်သားသုံးပိသာ ဆိုက်ကားနှစ်စီးအတွက် ချက်ပါတယ်။ ရောင်းချတာကတော့ ၀န်ထမ်းတွေရဲ့ သားသမီးတွေပေါ့။ သူတို့ မှီခိုမိသားစုတွေထဲက လူတွေကို ရောင်းချခိုင်းပါတယ်။ မေး) တပွဲကို ကျပ် ၂၀၀၊ ၃၀၀၊ ၅၀၀ ရောင်းချရာမှာ ထည့်ပေးတဲ့ ထမင်းနဲ့ဟင်း အတိုင်းအဆက သာမန်လူလတ်ပိုင်းတယောက်အတွက် ၀လင်လား။ 11179967_668869529923683_5515842470951131417_nဖြေ) ထမင်းကတော့ ပြောမယ်ဆို စားမယ်ဆို ၀နိုင်လောက်တဲအနေအထားပါ။ ၀က်သားဆိုရင် နှစ်တုံးကနေ သုံးတုံးအထိ ပေးနိုင်ပါတယ်။ ကြက်သားဆိုရင် နှစ်တုံးပေးနိုင်ပါတယ်။ ထမင်းဆိုရင်လည်း ကိုးလက်မဇလုံနဲ့ အပြည့်ပေါ့။ ကျနော်တို့ခပ်တာတော့ ခုနှစ်လက်မဇလုံဆိုတော့ မောက်မောက်လေး ခပ်ပေးလိုက်ပါတယ်။ သူတို့က ကိုးလက်မဇလုံနဲ့စားမယ်ဆိုရင်တော့ အဲဒီအပြည့်နဲ့ စားလို့ရတယ်။ သာမန်လူတယောက်အတွက်ကိုတော့ စားမယ်ဆိုရင်တော့ လုံလောက်ပါတယ်။ မေး) ဆရာတို့ ထမင်းဟင်းကို အများဆုံး ၀ယ်စားကြတာ၊ အားပေးကြတာက ဘယ်လိုပုဂ္ဂိုလ်တွေများလဲ။ ဖြေ) အများဆုံးကတော့ ကျနော်တို့ ဒီဘက်မှာ အင်္ဂပူမြို့နယ်ရဲ့ ဆင်ခြေဖုံးပတ်ဝန်းကျင်မှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကတော့ တခဲနက်ကို အားပေးကြပါတယ်။ ဒါပေမယ့် ကျနော်တို့ သီးစုံကုလားဟင်းဆိုလို့ရှိရင် တတ်နိုင်တဲ့သူတွေကပါ စမ်းပြုပြီးတော့ ၀ယ်စားတာနဲ့။ ကျနော်တို့ဆို သူတို့ကို တခါတလေ တောင်းပန်ထားရပါတယ်။ နွမ်းပါးတဲ့သူတွေကို ရောင်းပါရစေ၊ ပိုတော့မှ ရောင်းပါရစေဆိုပြီးတော့ တောင်းပန်ထားရတယ်။ သီးစုံကုလားဟင်းလေးကတော့ အဟာရအညွန်းကိန်းအတိုင်း ပြည့်စုံအောင်ချက်တော့ လူတွေ တော်တော်များမျာကလည်း နှစ်သက်ကြပါတယ်။ မေး) ဒီလုပ်ငန်းလေးကို အင်္ဂပူမြို့နယ်အပြင် တခြားနေရာတွေမှာပါ ချဲ့ထွင်ဖို့အတွက်ရော ဘယ်လိုစဉ်းစားထားလဲ။ ဖြေ) အင်္ဂပူကတော့ ကျနော်တာဝန်ကျတဲ့နေရာဆိုတော့ ကျနော့်မျက်စေ့အောက်မှာပဲ ရှိနိုင်တယ်။ ကျနော်တာဝန်မရှိတဲ့အချိန်ပေါ့၊ ဂျူတီချိန်မဟုတ်တဲ့အချိန်မှာလည်း ကျနော် သူတို့နဲ့ အနီးကပ် လိုက်ပြီးတော့လည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အတွက်ကြောင့် ခုလောလောဆယ်တော့ အင်္ဂပူမှာပဲ လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြင်နေရာဒေသတွေကနေ လုပ်ချင်တယ်ဆိုရင်လည်း ကျနော်တို့က ကျနော်တို့ 11150403_668869599923676_7495570937061488899_nအတွေ့အကြုံပေါ့၊ ကျနော်ဒီဟာကိုလုပ်ဖို့ ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။ အမျိုးမျိုး စဉ်းစားပြီးတော့မှ ဒီဟာလေးက အကောင်အထည် ဖော်တာပါ။ ဒီပြင်မြို့နယ်ဆိုရင်လည်း ကျနော့်အတွေ့အကြုံ၊ ကျနော့်ရဲ့ စဉ်းစားမှုတွေ၊ ကျနော်ဘယ်လို ပံ့ပိုးပေးနိုင်တယ်ဆိုတဲ့ ဟာမျိုးတွေ ကျနော် ပေးဖို့ရှိပါတယ်။ မကြာသေးခင်ကပဲ ခုနကပဲ တောင်ဒဂုံ (ရန်ကုန်တိုင်းဒေသကြီး) ကနေ မိတ်ဆွေတယောက် ဖုန်းဆက်ပါတယ်။ သူတို့မှာ လုပ်ချင်တယ်၊ သူတို့ ဘယ်လို စလုပ်ရမှန်း မသိဘူးဖြစ်နေတယ်၊ သူတို့မှာ လူအင်အားပဲရှိတယ်၊ ငွေကြေးအင်အားက ဘယ်လောက်ကုန်မလဲလို့ မေးလာပါတယ်။ အဲလိုကျတော့ ကျနော်က ပြောတယ်။ ကျနော့်မှာ ကျနော့်ကိုယုံကြည်ပြီးတော့ မိတ်ဆွေအပေါင်းအသင်းတွေကနေ Fund (ရန်ပုံငွေ) လေးပေါ့ ဒီလုပ်ငန်းလေးကို ဆက်ပြီးတော့ ပြန့်ပွားသွားအောင် ၀ိုင်းပြီးတော့ ငွေလှူကြတဲ့သူတွေရှိပါတယ်။ ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်းလောက်ကနေ ၁၀ သိန်းလောက်အထိ ကျနော့်မှာ ငွေရင်း မတည်ပေးတဲ့သူတွေရှိပါတယ်။ အဲဒီမတည်တာကို ကျနော်စာရင်းသွင်းပြီးတော့ အဲဒီထဲကနေပြီးတော့ စောစောက တောင်ဒဂုံက မိတ်ဆွေကို ပြောတာတော့ လုပ်ချင်တယ်ဆိုရင် ဆိုက်ကားတစီး၊ ဆိုက်ကားမှာမိုးတဲ့ ထီးတစ်လက်၊ ဟင်းအိုးက လေးလုံးနဲ့ ဆိုက်ကားတစီးအတွက် အရင်းဖြစ်တဲ့ ငွေ နှစ်သောင်းနဲ့ ချက်ပြုတ်ပုံချက်ပြုတ်နည်းစနစ်ပေါ့နော်။ ကျနော်တို့ဆိုရင် ဒီမှာ ဟင်းခတ်မှုန့်လို၊ အချိုမှုန့်လိုဟာမျိုးကို မသုံးဘူး။ ဆီဆိုရင် ပဲဆီစစ်စစ်ကိုပဲ သုံးတယ်။ စားအုံးဆီကို မသုံးဘူးပေါ့။ အမြတ်တော့နည်းသွားပေမယ့် ဒါသည် လူတွေရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာမျိုးဖြစ်အောင် ကျနော်တို့ ပံ့ပိုးပေးပါမယ်လို့ တောင်းဆိုထားပါတယ်။ တကယ်လို့ ရန်ပုံငွေလည်းရှိမယ်ဆိုရင် ဒီပြင်ဒေသကလူတွေလည်း စနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ဒီကလူတွေကလည်း ၀န်ထမ်းတွေမဟုတ်ဘူးလေ၊ ၀န်ထမ်းတွေရဲ့ မိသားစုတွေဆိုတော့ ခွဲထုတ်ပြီးတော့ ဘယ်လိုချက်ရတယ်ဆိုတာ တရက်နှစ်ရက်ပြ၊ သူတို့ကလည်း ဆက်လုပ်မယ်ဆိုရင်တော့ လုပ်ဖို့အတွက် သူတို့နဲ့ ညှိနှိုင်းထားတာတွေ ရှိပါတယ်။ စိတ်ဝင်စားမှုကတော့ များပါတယ်။ ဒါပေမယ့် လိုက်လုပ်နိုင်ဖို့ကတော့ ခုချိန်မှာ အားနည်းနေပါတယ်။ ကျနော်တို့အင်္ဂပူမြို့နယ်မှာဆိုရင်တော့ အောက်မှာရှိတဲ့ တိုက်နယ်ပေါ့ မြို့လေးနှစ်မြို့မှာ ၁ ရက် ၂ ရက်အတွင်းမှာ သူတို့စချင်တယ်လို့ ပြောလာပါတယ်။ သူတို့စမယ်ဆိုလည်း ဆိုက်ကားတစီး၊ အိုးလေးလုံးနဲ့ တနေ့စာအရင်း ငွေနှစ်သောင်းကို ထုတ်ပြီးတော့ ဘယ်လိုဘယ်လို ချက်ပြုတ်ရမယ်၊ နောက်တခါ အစားအသောက်တွေကိုင်တွယ်တဲ့အခါမှာ ဘယ်လိုကျန်းမာရေးနဲ့ညီညွတ်စွာ ကိုင်တွယ်ရမယ်၊ Food Poison (အစာအဆိပ်သင့်) တာမဖြစ်အောင် လမ်းညွှန်သွားပေးဖို့၊ ညှိနှိုင်းသွားပေးဖို့ပဲ ဖြစ်ပါတယ်၊ အဲလို စီစဉ်ထားပါတယ်။ မေး) ဒီရောင်းရေးဝယ်တာဟာ အမြတ်အစွန်းပေါ်မှာ အခြေပြုတာမဟုတ်ဘဲ ရေရှည်သွား ရမယ်ဆိုတော့ ဘယ်လိုပြင်ဆင်ထားပါသလဲ။ စေတနာ့ဝန်ထမ်းလုပ်သူတွေက ငြီးငွေ့လာတာတို့၊ နားတာတို့ဖြစ်ရင်။ ဖြေ) အခုချိန်က ကျနော်တို့လုပ်တာတော့ တစ်လတောင် မပြည့်သေးပါဘူးခင်ဗျ။ ပြီးခဲ့တဲ့လထဲက ၁၉ ရက်နေ့မှ ကျနော်တို့ စတာဖြစ်ပြီး ၃၀ ရက်နေ့လကုန်မှာ စာရင်းချုပ်လိုက်တဲ့အချိန်မှာ ကျနော်တို့က ပိုပိုသာသာလည်း ထည့်ပေးတယ်၊ ပဲဆီပဲသုံးတယ်၊ ဟင်းခတ်မှုန့်တွေ အချိုမှုန့်တွေ မသုံးဘူး၊အဲဒီလိုမျိုးလုပ်တာတောင်မှ ပြီးခဲ့တဲ့လ ဆယ်ရက်မှာ ကျနော် ငွေ နှစ်သောင်းခွဲမြတ်ပါတယ်။ ဒီလဆိုရင်လည်း ကျနော်တို့ တလလုံးဆက်ပြီးတော့ ပုံစံနဲ့ချထားတော့ ကျနော်မှန်းထားတာတော့ ဒီလ ဆိုက်ကားနှစ်စီးနဲ့သွားလို့ရှိရင် ကျနော့်အတွက် အမြတ်သည် တသိန်းခွဲလောက်ရနိုင်မယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ ကျနော်တို့က အလှူရှင်တွေရဲ့ ငွေကြေးကိုလည်း 11149429_668869633257006_8187022208426824646_nလုပ်ငန်းချဲ့ထွင်ဖို့အတွက်လည်း သုံးရပါတယ်။ ဆိုက်ကားတစ်စီးနဲ့ ရင်းထားတဲ့ ငွေထဲက ရတဲ့ပိုက်ဆံနဲ့ဆို ကျနော်မှန်းတဲ့အတိုင်းသာ ဖြစ်လာမယ်ဆိုရင် တသိန်းခွဲလောက် မြတ်မယ်ဆိုတဲ့အတွက် ချက်တဲ့အဖွဲ့ကို ခုနှစ်သောင်းခွဲ၊ ရောင်းတဲ့အဖွဲ့ကို ခုနှစ်သောင်းခွဲ ကျနော် သူတို့ကို ဆုချီးမြှင့်ဖို့ ပြောထားပါတယ်။ တကယ်တော့ ၀က်သားနဲ့ကြက်သားကို ဖြုတ်လိုက်ပြီးတော့ သီးစုံကုလားဟင်းနဲ့ပဲ ရောင်းမယ်ဆိုရင် ငွေ နှစ်သောင်းရင်းရင် တနေ့ ငါးထောင်မြတ်ပါတယ်။ ၀က်သားနဲ့ကြက်သားကျတော့ အရင်းအတိုင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ဆင်းရဲသားမိသားစုတွေရဲ့ မျှော်လင့်ချက်တွေပေါ့ သူတို့ ပိုက်ဆံလေးတွေကိုင်ပြီးတော့ လာကြတယ်။ ဘာမှမရှိရင် သီးစုံကုလားဟင်းနဲ့ ထမင်းစားမယ်။ သူတို့မှာ ပိုက်ဆံလေးနည်းနည်းရှိရင် သုံးရာလောက်စိုက်နိုင်ရင် ၀က်သားလေးစားနိုင်မယ်။ ငါးရာလောက်ရှိရင် ကြက်သားဟင်းစားနိုင်မယ်ဆိုတဲ့ နေ့စဉ် သူတို့ရဲ့ မျှော်လင့်ချက်ကလေးတွေ ဖြစ်အောင်ပါ။ ၀က်သားနဲ့ကြက်သားသာ မရောင်းဘူး၊ သီးစုံကုလားဟင်းကိုပဲ နှစ်ရာနဲ့ တိုက်ရောင်းမယ်ဆိုရင် အမြတ်က နှစ်သောင်းရင်းရင် ငါးထောင်မြတ်တယ်လို့ တွေ့ရှိထားပါတယ်။ မေး) ဆင်းရဲနွမ်းပါးသူတွေဟာ သီးစုံဟင်းကိုရော ၀၀လင်လင်စားနိုင်ကြလား။ ဖြေ) သီးစုံဟင်းက ကျနော်တို့ရောင်းတဲ့နှစ်ရာတန်မှာဆိုရင် ယောက်ချိုနဲ့ ၅ ဇွန်းထည့်ပေးပါတယ်။ ၅ ဇွန်းက တယောက်အတွက်ဆိုရင် နယ်ဖတ်စားရင်တော့ တော်တော်ကြီးကို လုံလောက်ပါတယ်။ သီးစုံဟင်းထဲမှာ ပိန္နဲသီးပါတယ်။ တခါတရံ ဗုံလုံသီးပါတယ်။ အခုဆိုရင် ဒန့်သလွန်သီးရနေတော့ ဒန်သလွန်သီးက ဟင်းခတ်မှုန့်မလိုပါဘူး။ အချိုမှုန့်မလိုဘဲနဲ့ ချိုတဲ့အရသာရှိပါတယ်။ ဒန့်သလွန်သီးက နည်းနည်းဈေးကြီးလို့သာပါ။ နောက် ခရမ်းသီးတို့ အစုံပါပဲ။ ပိန္နဲသီး က သူက ကြက်သားလေးနဲ့ အရသာ တူတယ်ပေါ့။ အာလူးလေး နည်းနည်းပါတယ်။ ပဲကတော့ နှစ်ပိသာပေါ့ ဒယ်အိုးတအိုးကို နှစ်ပိသာလောက်ပါတဲ့အခါမှာ ပျစ်ပျစ်နှစ်နှစ်နဲ့ စားလို့ကောင်းပါတယ်ခင်ဗျ။ နှစ်သက်ကြပါတယ်။ အခုဆိုလို့ရှိရင် မိုးဗြဲဒယ်ကြီးနဲ့ နှစ်အိုးပေါ့။ ဆိုက်ကားတစီးကို တအိုးချက်တာတောင် ညနေဆို ကျနော့်တပည့်တွေ၊ ရောင်းတဲ့သူတွေ ရန်တွေ့ခံရပါတယ်။ တချို့တွေဆိုကြိုပြီးတော့တောင် သူတို့အိမ်ရှေ့ မရောက်သေးဘူး။ စက်ဘီးတွေနဲ့ လာဝယ်ကြတယ်၊ ပြေးလာပြီး ထိပ်ကနေ ကြိုဝယ်တာတွေရှိတယ်။ သီးစုံကုလားဟင်းက ကျနော်တို့ချက်နိုင်တဲ့ အနေအထားနဲ့။ အခုဆိုရင် ၀န်ထမ်းမိသားစုမဟုတ်တဲ့ ချက်မယ့်လူတောင် ထပ်ငှားနေရပါတယ်။ သီးစုံကုလားဟင်းကို လှီးချွတ်ဖို့ပေါ့နော်။ တစ်ယောက်အိပ်ဖျာဆို တခုလောက်တောင် မှန်းလို့ရပါတယ်။ အဲဒီလောက် လှီးပြီး နယ်ဖတ်ချက်ရတာပါ။ မေး) ဒီရောင်းချမှုနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို ဆရာ ဘာပြောချင်ပါသလဲ။ ဖြေ) ကျနော်တွေးခဲ့တာက လူနာတွေကိုပဲ အခြေပြုတွေးတာပေါ့နော်။ ကျနော်တို့ ဗမာလူမျိုးတွေက အရင်တုန်းကဆိုရင် အင်မတန် ထွားထွားကြိုင်းကြိုင်းပါ။ သမိုင်းတွေမှာ ကြည့်ခဲ့တယ် အခုကျတော့ ကျနော်တို့တွေက တဖြည်းဖြည်း လူတွေက ပုလာတယ် ပေါ့နော်။ လူတွေကလည်း မဖွံ့ဖြိုးတဲ့အခါကာလမှာ ကျနော်တို့နိုင်တဲ့ တပိုင်တနိုင် ကနေပြီးတော့ အဟာရ စံချိန်စံညွန်းနဲ့လည်းပြည့်ဝအောင်၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိုလည်း ဘာပြောပြော ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အထောက်အပံ့လေး ဖြစ်အောင် လုပ်နေတာပါ။ အဲတော့ ကျနော်တယောက်တည်းကတော့ ဒီနေရာလေးမှ ကျနော်တယောက်တည်းပဲ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်ဖို့၊ ဒေသအားလုံးကို လွှမ်းခြုံနိုင်ဖို့ 11173372_671631169647519_8914401558994155284_nမဖြစ်ပါဘူး။ ကျနော်ကတော့ ဒီနေရာလေးမှာ ဒီလိုလုပ်ရင်ရတယ်ဆိုတဲ့ စံနမူနာလေးကို ကျနော့်ရဲ့ အကြံဥာဏ်လေးကို ပြလိုက်တာပါ။ အဲဒီတော့ တနိုင်ငံလုံးမှာရှိတဲ့လူတွေက အဓိက အချိန်လေးပေးပြီးတော့၊ မိမိတို့ရဲ့အားလပ်ချိန်လေးကနေ အချိန်ပေးပြီး တယောက်တည်းနဲ့ မအားရင်လည်း သူငယ်ချင်းတွေ၊ မိတ်ဆွေတွေစုပြီးတော့ ဒီလိုမျိုး အဟာရဖွံ့ဖြိုးရေးလုပ်ငန်းလေးတွေကို တပိုင်တနိုင် လုပ်မယ်ဆိုရင် ကျနော်တို့နိုင်ငံကြီးက ထိုက်သင့်အားလျော်စွာတော့ အထောက်အပံ့ဖြစ်မယ်၊ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။ လိုက်လုပ်ချင်တဲ့လူတွေကိုလည်း ကျနော့်ကိုမေးမြန်းမယ်ဆို မေးမြန်းနိုင်ပါတယ်။ ကျနော့်အတွေ့အကြုံတွေ။ အခက်အခဲတွေအားလုံးကို ဘယ်လိုမျိုး ကျော်လွှားခဲ့တာတွေ အားလုံးကို ကျနော့်အနေနဲ့ Share မျှဝေပေးချင်ပါတယ်ခင်ဗျာ။ မေး) ဆရာနဲ့ ဆက်သွယ်ရမယ့် တယ်လီဖုန်းနံပတ်က။ ဖြေ) ၀၉၂၅၀၇၃၉၉၉၀ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024