ဒုတိယကမ္ဘာစစ်က ဂျာမန်နာဇီများ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများအတွက် ဂျာမနီဝန်ကြီးချုပ် တောင်းပန်

ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်နာဇီတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် လက်ရှိ ဂျာမနီ ၀န်ကြီးချုပ် အန်ဂလာ မာကဲက တကမ္ဘာလုံးကို ၀န်ချတောင်းပန်လိုက်ပါတယ်။ ဒတ်ရူး အကျဉ်းစခန်း လွတ်မြောက်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမိန့်ခွန်းမှာ အခုလို တောင်းပန်လိုက်တာပါ။ အောက်မေ့ဖွယ် အခမ်းအနားကို အမေရိကန် စစ်ပြန်တွေနဲ့ ဒေသခံတွေလည်း တက်ရောက်ပါတယ်။ နာဇီခေတ် ဂျာမနီကြောင့်  ကမ္ဘာ့ပြည်သူတွေအများ နာကျင်ခံစားခဲ့ရတာတွေအတွက် တောင်းပန်လိုက်သလို ဒတ်ရူး အကျဉ်းစခန်းကို နာဇီလက်အောက်က လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ အမေရိကန် စစ်တပ်ကိုလည်း ကျေးဇူးတင်စကား ဆိုပါတယ်။ ၁၉၄၅ ဧပြီလ ၂၉ ရက်နေ့မှာ ဒတ်ရူး အကျဉ်းထောင်ကို အမေရိကန်တပ်တွေက သိမ်းနိုင်ခဲ့သလို၊ ဇန်န၀ါရီလမှာလည်း အော့ဇ၀စ် အကျဉ်းထောင်ကို ဆိုဗီယက်တပ်တွေက သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒတ်ရူး အကျဉ်းစခန်းဟာ မြူနစ်မြို့ တောင်ပိုင်းက ဘာဗေးရီယားပြည်နယ်ထဲမှာ တည်ရှိပါတယ်။ ဒီစခန်းဟာ နာဇီတွေ ဆောက်ခဲ့တဲ့ တခြား အကျဉ်းစခန်းတွေရဲ့  နမူနာ ဖြစ်ခဲ့ပါတယ်။ ၁၉၃၃ ကနေ ၁၉၄၅ အထိ  ၁၂ တာကာလအတွင်း ဒတ်ရူး အကျဉ်းစခန်းမှာ အတိုက်အခံလို့ စွပ်စွဲခံရသူ ၂ သိန်းကို ထိန်းသိမ်းခဲ့ပါတယ်။ အကျဉ်းထောင်ထဲမှာ လူပေါင်း ၄၁၀၀၀ သေဆုံးခဲ့ပြီး အခုတော့ အောက်မေ့ဖွယ် နေရာတခုအဖြစ် ပြောင်းလဲထားပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up