အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည့် ဘာလ်တီမိုးမြို့တွင် ညမထွက်ရအမိန့်ရုပ်သိမ်း

အမေရိကန် ပြည်ထောင်စု ဘာလ်တီမိုးမြို့မှာ ညမထွက်ရအမိန့်ကို ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ရဲအချုပ်မှာ လူမည်းတယောက် သေဆုံးခဲ့တာကို အကြောင်းပြုလို့ အရင်တပတ်က ညဘက် လုယက်မှု၊ မီးရှို့မှုတွေ ပေါ်ပေါက်ခဲ့လို့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း အိမ်အပြင်မထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။ မြို့တော်ဝန် စတက်ဖနီ ရော်လင်းစ် ဘလိတ်က် က အခြေအနေတွေ ပြန်လည် တည်ငြိမ်နေပြီ ဖြစ်လို့ အရင်တပတ် ဧပြီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ ကြေညာပါတယ်။ ကျမအနေနဲ့ကတော့ နေ၀င်မီးငြိမ်းအမိန့်ကို မလိုအပ်တော့ရင် ၁ ရက်မှ တောင် ဆက်မရှိချင်တော့ပါဘူး။ ဒီနေ့ အဲသလို အခြေအနေကို ရောက်ပါပြီလို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့တုန်းက မြို့ရဲ့ အစိုးရ ရှေ့နေချုပ်က လူမည်းအမျိုးသား ဂရေးကို ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိ ၆ ယောက်ကို ရာဇ၀တ်မှုနဲ့ တရားစွဲမယ်လို့ ကြေညာခဲ့ပါတယ်။ ဘာလ်တီမိုးမြို့ရဲ့ လူဦးရေက ၆၂၅၀၀၀ ရှိပြီး အများစုက လူမည်းတွေ ဖြစ်ပါတယ်။ ဂရေး သေဆုံးမှုကို အကြောင်းပြုလို့ ဘာလ်တီမိုးမြို့မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်တဲ့အခါ မနှစ်က မစ်ဇူရီ၊ နယူးယောက်နဲ့ တခြား ဒေသတွေမှာ လက်နက်မဲ့ လူမည်းတွေကို လူဖြူရဲ အရာရှိတွေက သတ်ဖြတ်ခဲ့တဲ့ ကိစ္စတွေကို ပြန်အမှတ်ဖို့ ဖြစ်လာပြီး ဆန္ဒပြပွဲတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up