DVB Logo
Home
မြန်မာသတင်း
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းအတည်ပြု လက်မှတ်ထိုးရန်အသင့်ဖြစ်နေဟု သမ္မတ ပြောကြား
DVB
·
May 4, 2015
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်းအတည်ပြု လက်မှတ်ထိုးရန်အသင့်ဖြစ်နေဟု သမ္မတ ပြောကြား
Donate to DVB

အစိုးရအဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (အန်စီအေ)ကို အတည်ပြု လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီကနေ့ တနိုင်ငံလုံးကို ပြောကြားတဲ့ ပုံမှန် လစဉ်မိန့်ခွန်းမှာ သမ္မတက ပြောကြားလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က “ အခုဆိုရင် ဒီသဘောတူစာချုပ်မူကြမ်းကို NCCT အနေနဲ့ တိုင်းရင်း သားခေါင်းဆောင်များရဲ့ ညီလာခံမှာတင်ပြပြီး အဆုံးအဖြတ်ခံယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးဖို့အတွက် အဆင်သင့် ဖြစ် နေပြီး တိုင်းရင်းသားအဖွဲ့ အစည်းများရဲ့ ညီလာခံကနေ ပေါ်ထွက်လာမယ့်ရလဒ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေးတင်ပြအပ်ပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အားလုံးက လက်ခံထားတာဖြစ်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်စတင်နိုင်ဖို့အတွက်လည်း အစိုးရက ရည်မှန်းကြိုးပမ်းနေတယ်လို့လည်း သမ္မတက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း (အန်စီအေ)ပါ စာသားတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား ရန်ကုန်မှာ သမ္မတရှေ့မှောက် သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

အန်စီအေ စာချုပ်မူကြမ်းကို အတည်ပြုလက်မှတ်ရေးထိုးဖို့ အစိုးရဘက်က အသင့်ဖြစ်နေပြီလို့ သမ္မတကပြောနေပေမယ့် တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေကတော့ မကြာခင် ခေါ်ယူ ကျင်းပဖို့ရှိတဲ့ (အန်စီစီတီ) တိုင်းရင်းသားညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကို တင်ပြပြီး သဘောတူညီချက်ရတယ်ဆိုမှ စာချူပ်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။

သမ္မတရဲ့ ဒီကနေ့ ပြောကြားတဲ့ လစဉ် မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲ မတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ အရေးအကြီးဆုံးဖြစ်တဲ့အကြောင်း ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ အဓိကကျတဲ့အလှည့် အပြောင်းကြီးဖြစ်ပြီး နိုင်ငံရေး အင်အားစု အားလုံးနဲ့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကြီးအောင်မြင်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013