မြန်မာအမျိုးသမီးအသင်း ဗီယက်နမ်ကို ရှုံးနိမ့်

မေလ ၂ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ AFF Women Championship 2015  အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ အိမ်ရှင် ဗီယက်နမ်က မြန်မာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို ၆ မိနစ်မှာ ဗီယက်နမ်က စတင်သွင်းယူပြီး ၁၂ မိနစ်မှာ မြန်မာအတွက် ချေပဂိုးကို ခင်မိုးဝေက သွင်းယူပါတယ်။ ၂၃ မိနစ်မှာ မြန်မာအတွက် ဒုတိယဦးဆောင်ဂိုးကို နော် အာလိုဝါဖောက သွင်းယူပြီး ဗီယက်နမ်က မိနစ် ၃၀ မှာ ချေပဂိုး ပြန်လည် သွင်းယူပါတယ်။ ဗီယက်နမ်အတွက် တတိယ အနိုင်ဂိုးကို ပွဲပြီးဖို့ ၈၄ မိနစ်လောက်မှာ သွင်းယူတာ ဖြစ်ပါတယ်။ Untitled-1 copyဒီပွဲနိုင်လို့ ဗီယက်နမ်ဟာ အုပ်စု (ခ) ပွဲဦးထွက်မှာ ၃ မှတ် ရသွားပါတယ်။ လောလောဆယ် အုပ်စု (ခ) မှာ ဖိလစ်ပိုင်က ၃ မှတ်နဲ့ ဦးဆောင်နေပြီး ဗီယက်နမ်ကလည်း ၃ မှတ်နဲ့ ဒုတိယနေရာမှာရှိနေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မေလ ၇ ရက်နေ့မှာ ဖိလစ်ပိုင်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up