Home
မြန်မာသတင်း
ကမ္ဘာ့အန္တရာယ်အကင်းဆုံး စက်ဘီး
DVB
·
May 3, 2015
ယာဉ်ကြောရှုပ်ထွေးတဲ့လမ်းတွေမှာ ကြုံရတဲ့အန္တရာယ်တွေကြောင့် မြို့ခံတွေအဖို့ စက်ဘီးစီးဖို့ အခက်အခဲ ဖြစ်ရပါတယ်။ ဒါပေမယ့် ဗြိတိန်လူမျိုး တီထွင်သူက ဒီအခြေအနေကိုပြောင်းပေးလိုက်ပါပြီ။ ပြိုင်ဘက်မရှိ အန္တရာယ်ကင်းစေမယ့်ပစ္စည်းတွေက ဒီဘာဘယ်စက်ဘီးကို ကမ္ဘာ့အန္တရာယ်အကင်းဆုံး စက်ဘီး ဖြစ်သွားစေတယ်လို့ ခရစ္စပင်စင်ကလဲယား ကဆိုပါတယ်။ "အဓိကအစိတ်အပိုင်းကတော့ အန္တရာယ်ကင်း ထိုင်ခုံခွင်ပါ။ ထိုင်ခုံခါးပတ်လည်းပါတယ်။ ထိုင်ခုံခွင်ကို ကျယ်ထားတဲ့အတွက် လော်ရီကားတို့ ဘက်စ်ကားတို့အောက်ကို ၀င်သွားတာမျိုး မဖြစ်တော့ဘူး။ ကားနဲ့ ၀င်တိုက်မိရင်တောင်မှ ဒီဖရိန်ကိုပဲ ထိမှာမို့လို့ ဘာမှမဖြစ်နိုင်ပါဘူး။ နောက်ဆုံထုတ် နောက်ကြည့်မှန်တွေ၊ အချက်ပြမီးတွေ၊ အန္တရာယ်သတိပေးမီးတွေနဲ့ ဟွန်းတွေလည်း တပ်ဆင်ထားတယ်" လို့ စင်ကလဲယား ကဆိုပါတယ်။ လန်ဒန်မှာတော့ စက်ဘီးစီးသူတွေအသေအပျောက်များရတာဟာ လော်ရီကားတွေနဲ့ ၀င်တိုက်မိလို့ပဲ ဖြစ်ပါတယ်။ ဒီစက်ဘီးစီးသူတွေအဖို့တော့ ကုန်တင်ကားကွေ့စဉ်မှာ မောင်းသူမမြင်နိုင်တဲ့ဘက်ခြမ်းကို မြင်နိုင်စွမ်းရှိပါတယ်။ စင်ကလဲယားရဲ့လက်ထောက် အီစတာဘန်ဒိုင်းအက်ဇ်ကတော့ 38တန်ရှိ လောက်ရီကားတွေနဲ့ အတိုက်ခံပြီး ဘာဘယ်စက်ဘီးကို စမ်းသပ်ခဲ့ပါတယ်။ "ကျနော်တို့က လော်ရီကားကိုကွေ့ခိုင်းပြီး အန္တရာယ်ကင်းထိုင်ခုံခွင်က ဘယ်လိုတုံ့ပြန်လဲဆိုတာ စောင့်ကြည့်ခဲ့ပါတယ်။ ဒီထိုင်ခုံခွင်က အလူမီနီယမ်ပိုက်တွေနဲ့လုပ်ထားတာမို့ ဒီဖရိန်က လော်ရီကား အောက်ကို ၀င်မသွားဘူး။ တရွတ်တိုက်ပါသွားတာမျိုးပဲရှိတယ်။ စက်ဘီးစီးသူက ကားဘီးနဲ့ကပ်တဲ့ နေရာကို ဘယ်တော့မှ ရောက်သွားတယ်မရှိဘူး။" ခြေထောက်ကိုကာကွယ်မယ့် အန္တရာယ်ကင်းသံမဏိဖရိန်တွေ အလိုအလျောက်အလုပ်လုပ်တဲ့ ရှေ့နောက် အချက်ပြမီးတွေလည်းတပ်ဆင်ထားပါတယ်။ ခရစ်ပ်တိုနိုက် သော့ နဲ့ ကုတ်နံပါတ် အတွဲ အစပ်အမျိုးမျိုးကြောင့် အခိုးမခံရနိုင်ပါဘူး။ ဘာဘယ်စက်ဘီး ၂ မျိုးထုတ်ထားပါတယ်။ ခြေနင်း သက်သက်စက်ဘီးနဲ့ ခြေနင်းရော လျှပ်စစ်မော်တာနဲ့တွန်းတဲ့ စက်ဘီးတို့ပဲဖြစ်ပါတယ်။ ၁၉၈၅ တုန်းက သူ့အဖေဆာကလိုက်ဖ်စင်ကလဲယားရဲ့ စင်ကလဲယားC5 စက်ဘီးက သိပ်မအောင်မြင်ခဲ့ပေမယ့် ခုလိုစက်ဘီးလေးတီထွင်နိုင်လိုက်တာဟာ သိပ်ကံကောင်းတယ်လို့ စင်ကလဲယားက ယူဆထားပါ တယ်။ "ဒီဘီးလေးက ကြီးကောင်းကြီးနေပါလိမ့်မယ်။  အခု စက်ဘီးစီနေကြတဲ့သူတွေထဲမှာ ၂ ယောက် ၃ ယောက်လောက်က ဒီဘီးလေးသာ အန္တရာယ်ကင်းတယ်ဆိုရင် ၀ယ်စီးကြမှာပါပဲ။ နေရာတိုင်းမှာ စက်ဘီးလမ်းရယ်လို့ သက်သက်လုပ်ပေးဖို့က ဆယ်စုနှစ်ချီပြီး ကြာဦးမှာ။ ဒီအတောအတွင်း ဒီလို အန္တရာယ်ကင်းတဲ့ စက်ဘီးလေးနဲ့ ကားလမ်းတွေပေါ်တက်ပြီးစီးတာဟာ အဓိပ္ပာယ်ရှိတယ်လို့ ယူဆပါတယ်။" ပြည်သူ့ရန်ပုံငွေရှာဖွေပွဲကိုတော့ အင်ဒီယေးဂိုးမြို့မှာ လုပ်ခဲ့ပြီးပါပြီ။ တကယ်လို့သာ အောင်မြင်ခဲ့ရင်တော့ ကြောက်စိတ်မွှန်သွားတဲ့ စက်ဘီးစီးသူတွေကို စက်ဘီးထိုင်ခုံပေါ် အရောက်ပြန်ပို့ပေးနိုင်မယ်လို့ စင်ကလဲယားက မျှော်လင့်ထားပါတယ်။ [gallery ids="91481,91482,91483,91484,91485,91486,91487,91488,91489"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024