သြစတြေးလျတွင် မိုးသက်လေပြင်းကျ၊ ၅ ဦး သေဆုံး

သြစတြေးလျနိုင်ငံ၊ ကွင်းစလန် ပြည်နယ်အရှေ့တောင်ပိုင်းမှာ မေ ၂ ရက်နေ့ လျှပ်တပြတ်မိုးသက်လေပြင်း ကျခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ချောင်းရေကြီးနေချိန်မှာ ကားနဲ့ ဖြတ်သန်းခဲ့လို့ ကားမျောပါသွားခဲ့တာ ဖြစ်ပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ အသက် ၅ နှစ်အရွယ်ယောက်ျားလေးတို့ သေဆုံးခဲ့ကြတာပါ။ ဘရစ်ဘန်းမြို့မြောက်ဘက် ၂၇ မိုင်အကွာက မြို့မှာ ဖြစ်ပွားခဲ့ပြီး ကားလမ်းမှာ ပိတ်မိနေတဲ့ တခြားလူ ၃၀ လောက်ကိုလည်း ကယ်ဆယ်ခဲ့ကြပါတယ်။ ကွင်းစလန် ပြည်နယ်ရဲမင်းကြီးက ကားလမ်းရေကျော်နေချိန်မှာ ချောင်းရေအတိမ်အနက်ကို ခန့်မှန်းဖို့မလွယ်တာကြောင့် လုံးဝ မဖြတ်သန်းသင့်ဘူးလို့ ပြောဆိုပါတယ်။ အခုသေဆုံးခဲ့သူတွေဟာ ချောင်းရေနဲ့ ကားမျောပါသွားပြီး သေဆုံးခဲ့ကြတာလို့ ပြောဆိုပါတယ်။ မေ ၁ ရက်နေ့ ညနေပိုင်းက ၃ နာရီဆက်တိုက်မိုးရွာသွန်းခဲ့တာဖြစ်ပြီး မိုးရေချိန် ၁၄ လက်မကျော်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့တပတ်က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်းမုန်တိုင်းရဲ့နောက်ဆက်တွဲ လေဖိအားနည်းရပ်ဝန်းတခု ဆက်ဖြစ်နေပြီး တောင်ဘက် နယူးဆောက်ဝေး ပြည်နယ်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေ၀သဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့တပတ်က တိုက်ခတ်ခဲ့တဲ့မုန်တိုင်းမှာ လူ ၈ ဦးသေဆုံးခဲ့ပြီး အရှေ့ ဘက်ကမ်းရိုးတန်းမြို့ကြီးတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီး ဒေါ်လာသန်းချီ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ [gallery ids="91433,91434,91435,91436,91437"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up