Home
မြန်မာသတင်း
ဘားအံစက်မှုဇုန်ပိုမြေများ မြေယာမဲ့များကို နေရာချပေးမည်
DVB
·
May 2, 2015
20150501_205258
20150501_204236
20150501_204217
20150501_205231
ဘားအံစက်မှုဇုန်ပြုလုပ်ဖို့ သိမ်းဆည်းထားတဲ့ မြေတွေထဲက စက်မှုဇုန်အဖြစ် အသုံးမပြုဖြစ်ဘဲ ပိုမြေတွေကို ဘားအံမြို့မှာ နေထိုင်တဲ့ အိမ်ထောင်စုဝင် မြေယာမဲ့  ပြည်သူတွေကို နေရာချထားပေးဖို့ စာရင်းကောက်ယူနေပါတယ်။ ဘားအံမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးစိုးမြင့်က စက်မှုဇုန်ပိုမြေတွေမှာ မြေယာမဲ့ပြည်သူတွေကို နေရာချထားပေးဖို့ ဧပြီလ ၂၈ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြည်နယ်အစိုးရက ညွှန်ကြားလာတာကြောင့် လက်ရှိရပ်ကွက်ပြည်သူတွေကို စာရင်းကောက်နေတာလို့ ဒီဗွီဘီကို ပြောပါတယ်။ “ဘယ်နှဦး ချပေးမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ကျနော်တို့ကို ရပ်ကွက်သားတွေ လာတင်တဲ့စာရင်း အကုန်တင်ပေးမှာပါ။ ဘယ်သူမှမကျန်အောင်လည်း ရပ်ကွက်အတွင်း ကြေညာပေးနေပါတယ်” လို့ ဦးစိုးမြင့်က ပြောပါတယ်။ ဘားအံစက်မှုဇုန်ကို ၂၀၁၀ ပြည့်နှစ်က မြေဧက ၁၀၀၀ ကျော်သိမ်းယူပြီး စတင်အကောင်ထည်ဖော်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကို ချပေးထားတဲ့ မြေကွက်တွေထဲမှာ UMH ကုမ္ပဏီ အထည်ချုပ်စက်ရုံတခုသာ ဒေသခံအလုပ်သမား ၂၀၀ ကျော် အလုပ်အကိုင်ပေးနိုင်တယ်လို့ လယ်သိမ်းခံရတဲ့ ဒေသခံ ဦးရုပ်ဆိုးက ပြောပါတယ်။ ကျန်စက်ရုံတွေကတော့ မြေနေရာသာ ယူထားပြီး လုပ်ငန်းဆောင်ရွက်ခြင်း မရှိတာကြောင့် လယ်သိမ်းခံပြည်သူတွေက နစ်နာချက်တွေ လွှတ်တော်ကို အကြိမ်ကြိမ်တိုင်ကြားထားပေမယ့် လျော်ကြေးမပေးဘူးလို့ ဆိုပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ လှာကမြင်တိုးချဲ့ကွက်သစ် ဖော်ဆောင်ခဲ့ပေမယ့် အစိုးရ တာဝန်ရှိသူတွေသာ ရယူထားကာ နေအိမ်တည်ဆောက်ခြင်းမရှိပဲ လက်လွှဲရောင်းချနေကြပြီး ဆင်းရဲသား အယောက် ၂၀ သာ NRC က ဆောက်လုပ်ပေးတဲ့ နေအိမ်ရရှိခဲ့တယ်လို့ လယ်သိမ်းခံလယ်သမားများက ဝေဖန်နေကြပါတယ်။ ဇော်ရဲထက် [gallery ids="91378,91379,91377,91376"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024