DVB Logo
Home
မြန်မာသတင်း
ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေး မီဒီယာ ၈ ခု ခွင့်ပြု
DVB
·
April 28, 2015
ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေး မီဒီယာ ၈ ခု ခွင့်ပြု
Donate to DVB

ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းမှာ ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့အစည်းအဝေးကို မီဒီယာ ၈ ခုသာ တက်ရောက် သတင်း ယူခွင့်ပေးမယ်လို့ UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ပြောပါတယ်။

မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးမှာ တက်ရောက်သတင်းရယူဖို့ အဆိုပြုတဲ့ မီဒီယာ အရေအတွက်များတာကြောင့် စီစဉ်ဖို့ခက်ခဲလို့ ဦးစီးကျင်းပသူတွေက ရွေးချယ်ဆုံးဖြတ်ခဲ့တာလို့ ဦးအောင်မြင့်က ပြောပါ တယ်။

ဦးအောင်မြင့်က “မနေ့တုန်းက နောက်ဆုံး လူကြီးတွေ ဆုံးဖြတ်လိုက်တယ်။ အလဲဗင်းတို့၊ ဆဲဗင်းဒေးတို့လည်း ဖိတ်ထား ပါတယ်။ အားလုံး ၇ ဖွဲ့ ၈ ဖွဲ့လောက်ရှိမယ်။ ကျန်တဲ့မီဒီယာအဖွဲ့တွေ မဖိတ်တော့ဘူး။ မီဒီယာအဖွဲ့တွေက သိပ်များတယ် ၃၇ ဖွဲ့လောက်ကို လာပြီးသတင်းယူဖို့ အီးမေးလ်နဲ့ရော၊ ဖုန်းနဲ့ရော တင်ပြဆွေးနွေးလာတာ ရှိတယ်။ သိပ်များလွန်းတော့ ဒီမှာလည်း နည်းနည်းအခက်အခဲရှိလို့။ ဒါကြောင့်မို့ ကျန်အဖွဲ့တွေတော့ ဒီတကြိမ် ယာယီအစည်း အဝေးမှာ မဖိတ်တော့ ဘူး။ နောင် ၀ ဒေသမှာ အလားတူ စည်းဝေးပွဲပဲဖြစ်ဖြစ်၊ ကျနော်တို့ အတွင်းပိုင်းက နည်းနည်း အရေးကြီးတဲ့ အခမ်း အနားတွေ ဘာတွေ ရှိသည်ပဲဖြစ်ဖြစ် ဖိတ်ပါမယ်”လို့ သူက ပြောပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးစီးကျင်းပတဲ့ ပန်ဆန်းအစည်းအဝေးဟာ လိုင်ဇာညီလာ ခံနဲ့ လောခီးလာ ညီလာခံတွေမှာလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း စုံစုံလင်လင် ဖိတ်ကြားတာမဟုတ်ဘဲ ၁၁ ဖွဲ့ကို ရွေးချယ်ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013