DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကြက်ခြေနီအဖွဲ့ ငလျင်ဒဏ်သင့် နီပေါကို ကူညီရန် စီစဉ်
DVB
·
April 28, 2015
မြန်မာ့ကြက်ခြေနီအဖွဲ့ ငလျင်ဒဏ်သင့် နီပေါကို ကူညီရန် စီစဉ်
Donate to DVB

ငလျင်ဒဏ်သင့် နီပေါနိုင်ငံရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့အတွက် မြန်မာကြက်ခြေနီ ၅ ဦးကို စေလွှတ်ဖို့ လျာထားစီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ကပြောပါတယ်။

နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၉ ရှိတဲ့ ငလျင်ကြောင့် လူ ၄ ထောင်ကျော် သေဆုံးခဲ့ရသလို အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မြန်မာက စေလွှတ်မယ့် အဖွဲ့ဝင်အရေအတွက် မများနိုင်ပေမယ့် နည်းပညာနဲ့ ဦးဆောင်မှု အခန်း ကဏ္ဍကနေ ဦးဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ MRCS ဘေးဒုက္ခ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ခင်က ပြောပါတယ်။

“ဘယ်နှစ်ယောက်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ အခုဒီမှာ လေကျင့်သင်ကြားပြီးသားလူတွေရှိတော့ အဲဒီထဲကနေပြီးတော့ ကျနော်တို့ ၅ ယောက်နာမည် တော့ စာရင်းပို့မယ့် အစီအစဉ်လုပ်ထားပါတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ဒေသတွင်းက ရွေးမှာပေါ့၊ ရွေးတဲ့ အခါမှာ တခြားနိုင်ငံတွေကလည်း ပါမယ်။ ကျနော်တို့ အရှေ့တောင်အာရှ ၁၀ နိုင်ငံပေါ့၊ တီမောပါရင် ၁၁နိုင်ငံပေါ့၊ အဲဒီကနေပြီးတော့ စုပေါင်းလိုတဲ့ အပေါ် မူတည်ပြီးတော့ ရေနဲ့ သန့်ရှင်းရေးလိုသလား၊ ကျန်းမာရေး အဖွဲ့လိုသလား ကယ်ဆယ်ရေး လိုသလား သူတို့က အလုပ်တာဝန်ခွဲဝေသတ်မှတ်ပေးမယ်ပေါ့၊ အဲဒီပေါ်မူတည်ပြီး လွှတ်ပေးမှာပါ” လို့ သူက ပြောပါတယ်။

လက်ရှိ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ညှိနှိုင်းမှု ပြီးပြတ်ပါက ၂၄ နာရီအတွင်း စေလွှတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ အရှေ့တောင်အာရှက တခြား အမျိုးသား ကြက်ခြေနီ အသင်းတွေနဲ့ အတူ ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013