နီပေါငလျင် သေဆုံးသူ ထောင်ချီမြင့်တက်

ဓာတ်ပုံ (ရိုက်တာ)
နီပေါနိုင်ငံမှာ ဧပြီ ၂၅ ရက်က လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်ကြောင့် လူပေါင်း ၁၈၀၅ ယောက် သေဆုံးပြီး ၄၇၀၀ ဒဏ်ရာရတယ်လို့ နီပေါ ပြည်ထဲရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကက်သမန်ဒူး ဆေးရုံကြီးမှာ ခြေကျိုးလက်ကျိုး လူနာတွေနဲ့ ပြည့်နေပြီး တချို့က အပြင်ဘက်မှာပဲ ကုသမှု ခံယူနေရလို့ သတင်းတွေက ဖော်ပြပါတယ်။ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်နေလို့ ကုသရေးမှာ မနိုင်မနင်း ဖြစ်နေသလို ဆေးဝါး မလုံလောက်လို့ အပြင်ဆိုင်ကနေ ၀ယ်ယူခဲ့ရတယ်လို့ ဆေးရုံ အရာရှိတွေက ပြောပါတယ်။ ဆိုးရွားတဲ့ ငလျင်ဒဏ်ကို ကြုံတွေခဲ့ရတဲ့ ဒေသခံတွေဟာ အိမ်ထဲမှာ မနေရဲတော့ဘဲ အိမ်ပြင်ဘက်မှာပဲ ညအိပ် ခဲ့ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက လမ်းပေါ်မှာ ထွက်နေကြတဲ့ လူထောင်ပေါင်းများစွာ အတွက် နေထိုင်ရေး အဆင်ပြေအောင် စီစဉ်ပေးနေရပါတယ်။ ဧပြီ ၂၆ ရက် နေ့လည်ပိုင်း လူအသွားအလာ များချိန်မှာ နီပေါနိုင်ငံ မြို့တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ကို  ဗဟိုပြုပြီး  ၇ဒသမ ၉ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒဌာနရဲ့အဆိုအရ ငလျင်ဟာ မြေအောက်  ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာကြောင့် အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။ ဒီငလျင်ဟာ နှစ်ပေါင်း ၈၀ အတွင်း အဆိုးရွားဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ဒသမ၆ နဲ့ ၅ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၂ခု လည်း ဆက်လှုပ်ခဲ့ တယ်လို့ ဆိုပါတယ်။ ငလျင်အရှိန်ကြောင့် ၁၉ ရာစုက တည်ဆောက်ခဲ့တဲ့ ဒါရာရာ သမိုင်းဝင် မျှော်စင်လည်း ပြိုကျခဲ့သလို ဧ၀ရတ်တောင်ပေါ်မှာလည်း နှင်းပြိုမှုဖြစ်ခဲ့ပါတယ်။ နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက်သေဆုံးခဲ့ဖူး ပါတယ်။ ၁၉၈၃ ခုနှစ်က ၈ဒသမ ၃ ပြင်းအားရှိတဲ့ ငလျင်ကတော့ အဆိုးရွားဆုံးခဲ့ဖြစ်ပြိး လူ ၈၅၀၀ သေဆုံးခဲ့ဖူး ပါတယ်။ [gallery ids="90513,90514,90515,90516,90517"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up