ပြင်းအား ၇.၉ ရှိ ငလျင် နီပေါတွင် လှုပ်ခတ်

နီပေါနိုင်ငံမြို့တော် အရှေ့ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ ပိုခါရာ မြို့ငယ်ကို ဗဟိုပြုပြီး စနေနေ့မှာ ၇ဒသမ ၉ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ငလျင်ကြောင့် မြို့တော် ကက်သမန်ဒူးမှာ အဆောက်အအုံတွေ ပြိုကျ ပျက်စီးသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ ကက်သမန်ဒူးမှာ ရှိတဲ့ ကိုးထပ် အဆောက်အဦ ပြိုကျသွားလို့ လူတွေ အတော်များများ အထဲမှာ ပိတ်မိနေတယ်လို့ စကိုင်းနယူးသတင်းမှာဖော်ပြပါတယ်။ လောလောဆယ်မှာတော့ ၂ ဦးသေဆုံးသွားတယ်လို့ မျက်မြင်တွေကို ကိုးကားပြီး ရိုက်တာ သတင်းကဖော်ပြသလို လူနာတွေကို အပြေးအလွှား ဆေးရုံပို့နေတယ်လို့လည်း ဆိုပါတယ်။ ငလျင် လှုပ်ခတ်မှုအရှိန်ကို ဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံက ဒေသတချို့အထိ ခံစားရတယ်လို့ အိန္ဒိယ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အမေရိကန် ဘူမိဗေဒဌာနရဲ့ အဆိုအရ ငလျင်ဟာ မြေအောက် ၂ မိုင် အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့လို့ အထက်မြေပြင်နဲ့ အလွန်နီးစပ်တယ်လို့ သတ်မှတ်ပါတယ်။ ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ၆ဒသမ၆ နဲ့ ၅ဒသမ ၁ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၂ ခုလည်း ဆက်လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ နီပေါမှာ ၂၀၁၁ ခုနှစ်ကလည်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး လူအနည်းဆုံး ၅ ယောက် သေဆုံးခဲ့ဖူးပါတယ်။ [gallery ids="90455,90459,90456,90457,90458"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up