DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိစ္စ ကေအန်ယူအရေးပေါ်ဆွေးနွေး
DVB
·
April 23, 2015
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကိစ္စ ကေအန်ယူအရေးပေါ်ဆွေးနွေး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ အရေးပေါ်အစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ပဏာမ သဘောတူ လက်မှတ်ထိုးခဲ့တဲ့ မူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။

မူကြမ်းပါ အခန်း ၇ ခန်းထဲက အခန်း ၁ ကနေ ၃ အထိ ၃ ခန်းပဲ ဆွေးနွေးပြီးစီးသေးတယ်လို့ ကေအန်ယူ တွဲဘက် အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ပြောပါတယ်။

“အခန်း၁မှာအခြေခံမူနဲ့ပတ်သက်ပြီး ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုတဲ့ ကိစ္စမှာလည်းကျနော်တို့ အချိန်နည်းနည်းယူပြီး စဉ်းစားရတာတွေရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တဖက်ကလည်း ဒို့တာဝန်အရေး ၃ ပါးကို ရှေ့ရှု ဆိုတာကိုလည်း အပေါ်မှာ ပြောဆိုထားတယ်။ အောက်ပိုင်းမှာလည်း ကျနော်တို့ ဒီနိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီပေါ့နော် အဲလိုလည်း ပြန်ပိတ်ထားတဲ့အခါကျတော့ ဒီအခြေခံပေါ်မှာ ကြည့်ခြင်းအားဖြင့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်မယ်ဆိုတဲ့ ကိစ္စအမြင်သဘောထားတွေကို အမျိုးမျိုးတင်ပြဆွေးနွေးတာတွေရှိပါတယ်။ နောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းရေးကိစ္စက အဲဒီရဲ့ အမြင်မတူမှုတွေ၊ ကွဲလွဲမှုတွေကိုလည်း ကျနော်တို့ ဆွေးနွေးကြတာရှိပါတယ်။ နောက်တခါကတော့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ အဖွဲ့တွေ ပါဝင်ဖို့ ဆိုတဲ့ အဓိက အခြေခံ ၃ ချက်ကိုတော့ ကျနော်တို့ ပြီးခဲ့တဲ့ ၃ ရက်မှာ ပြောဆိုဆွေးနွေး ညှိနှိုင်းကြ တာရှိပါတယ်။”

ကေအန်ယူ ဗဟိုအမြဲတမ်းကော်မီတီရဲ့ အရေးပေါ်အစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး နောက်ရက်တွေမှာ အန်စီအေ စာချုပ်မူကြမ်းပါ ကျန်တဲ့ အချက်တွေကို ဆက်လက်ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြောပါတယ်။

(KNU) ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လေးဝါးစခန်းမှာ ကျင်းပနေတာဖြစ်ပြီး အရေးပေါ်အစည်းအဝေးကို ကော်မတီဝင် (၄၀) နီးပါး တက်ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013