နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈ ဘီလီယံကျော် မြန်မာရရှိ

Total ရတနာ ကမ်းလွန် သဘောဝ ထုတ်လုပ်ရေးလုပ်ငန်း
မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ပမာဏဟာ မနှစ်ကထက် နှစ်ဆတိုးပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ထိ ရရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနက တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ မတ်လကုန်မှာ ပြီးဆုံးတဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားကုမ္ပဏီတွေရဲ့ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၈ ဒသမ ၀၁ ဘီလီယံကျော် ထိရှိလာတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေထဲမှာတော့ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၃ ဒသမ ၂၂ ဘီလီယံ နဲ့ အများဆုံး ဖြစ်ပြီး လမ်းပန်းသယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ၁ ဒသမ ၆၈ ဘီလီယံ၊ ကုန်ထုတ်လုပ်မှုမှာ ၁ ဒသမ ၅ ဘီလီယံနဲ့ တတိယ အများဆုံးဖြစ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းမှာတော့ ဒေါ်လာသန်း ၇၈၀ ကျော်ရပြီး ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းမှာတော့ ၃၅၈ သန်းလောက် ရင်းနှီးမြှုပ်နှံတယ်လို့ဆိုပါတယ်။ [caption id="attachment_32551" align="alignright" width="348"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption] စိုက်ပျိုးရေးမှာ ဒေါ်လာ သန်း ၄၀ နီးပါးလာရောက်ရင်းနှီးမြှုပ်နှံကြပြီး၊ မွေးမြူရေးနဲ့ရေလုပ်ငန်းမှာ ၂၆ ဒသမ ၈ သန်းနဲ့ သတ္တုတွင်း လုပ်ငန်းမှာ ၆ ဒသမ ၂ သန်း ရင်းနှီးမြှုပ်နှံကြပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ရရှိခဲ့တဲ့ ကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် ထက် ၂ ဆလောက်တိုးလာတာလည်းဖြစ်ပါတယ်။ ၁၉၈၈ ကတည်းက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ထိ မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းကတော့ ကန်ဒေါ်လာ ၅၄ ဒသမ ၂၃၆ ဘီလီယံ ကျော်ရှိတာပါ။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်ဟာ ကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးနဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးရခဲ့တဲ့နှစ်ဖြစ်ပြီး ၂၀၀၂-၀၃ ဘဏ္ဍာနှစ်မှာတော့ ဒေါ်လာ ၈၇ သန်းနီးပါးပဲရခဲ့တဲ့ အနည်းဆုံးနှစ်ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတွင်းမှာ နိုင်ငံပေါင်း ၃၈ နိုင်ငံက နိုင်ငံခြားကုမ္ပဏီလုပ်ငန်းပေါင်း ၉၀၀ နီးပါး ရင်းနှီးမြှုပ်နှံ ခွင့်ပြုထားရာမှာ တရုတ်က ၁၄ ဒသမ ၇ ဘီလီယံနဲ့ အများဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာ ထိုင်းက ၁၀ဒသမ ၂ ဘီလီယံ နဲ့ ဒုတိယ၊ စင်ကာပူက ၈သမ ၈ ဘီလီယံ နဲ့တတိယရှိပြီး ဟောင်ကောင်၊ ယူကေ၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ ဗီယက်နမ် စတာတွေ အစဉ်လိုက်အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up