လူမျိုးရေး အဓိကရုဏ်း လူ ၃၀၀ ကျော် တောင်အာဖရိက ဖမ်းဆီး

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားတွေကို ဦးတည်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၃၀၇ ယောက်ကို ဖမ်းဆီးထားတယ်လို့ တောင်အာဖရိကလုံခြုံရေးဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ နိုင်ငံအရှေ့ဘက် ဒါဘန်းမြို့ကနေ စတင်ခဲ့တဲ့ အဓိကရုဏ်းဟာ အခုအခါမှာ မြို့တော် ဂျိုဟန်နက်စဘတ်အထိ ကူးစက်နေပြီး လူ ၈ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ လုံခြုံရေးအင်အားတွေ တိုးချဲ့ထားပြီး ဥပဒေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ လုံခြုံရေးဌာန အရာရှိတွေက ပြောပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လူမှုကွန်ယက်မီဒီယာတွေကတဆင့် လှုံ့ဆော်နေတယ်ဆိုတဲ့ ပြောဆို ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ ဒီလို လှုံ့ဆော်တာဟာလည်း ရာဇ၀တ်မှုမြောက်တယ်လို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ဒေးဗစ် မာလိုဗိုက ပြောပါတယ်။ နိုင်ငံခြားသားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အတွက် ရွှေ့ပြောင်း အလုပ်သမားတွေ အထိတ်တလန့် ဖြစ်နေကြ ပါတယ်။ နိုင်ငံခြားသားတွေဟာ တောင်အာဖရိကသားတွေ ရမယ့် အခွင့်အလမ်းတွနဲ့ တောင်အာဖရိကသားတွေ ရမယ့် အလုပ်တွေကို လုယူနေတယ်ဆိုပြီးတော့ တိုက်ခိုက် သတ်ဖြတ်တာကြောင့် နိုင်ငံခြားသား အတော်များများဟာ မူရင်းနိုင်ငံ ကို ပြန်ဖို့ ပြင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up