ကွန်ဂိုသမ္မတနိုင်ငံ အရပ်သား သတ်ဖြတ်ခံရမှု ကုလ ပြစ်တင်

အာဖရိကတိုက်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အရပ်သားတွေ သတ်ဖြတ် ခံရတဲ့ ကိစ္စကို ကုလသမဂ္ဂက အပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ကွန်ဂိုမှာ တည်ငြိမ်ရေးမစ်ရှင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ကုလသမဂ္ဂ အရာရှိ မာတင် ကော့ဘလာက အရပ်သားတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စအတွက် အံ့သြ တုန်လှုပ်တယ်လို့ ပြောပါတယ်။ တိုင်းပြည် လုံခြုံရေးအခြေအနေတွေ အခုထက်ပိုဆိုးမသွားခင်မှာ အစိုးရတပ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သူက တိုက်တွန်း လိုက်ပါတယ်။ ကုလသမဂ္ဂ တည်ငြိမ်ရေး မစ်ရှင်အဖွဲ့ရဲ့ အဆိုအရ ဧပြီ ၁၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့ဟာ မာတီဗာဆိုတဲ့ ရွာကို တိုက်ခိုက်ခဲ့ပြီး  လက်နက်မဲ့ အရပ်သား ၃၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့ဟာ ယူဂန်ဒါမှာ အခြေစိုက်တဲ့ အေဒီအက်ဖ် သူပုန်အဖွဲ့နဲ့ ဆက်စပ်နိုင်တယ်လို့ သံသယ ရှိနေပါတယ်။ [gallery ids="89999,89995,89996,89997,89998"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up