အစိုးရက တရားရေးမဏ္ဍိုင်ဝင်စွက်ဖက်မှု ကိုဆိုဘိုတွင် လူထောင်ချီ ဆန္ဒပြ

ကိုဆိုဘိုမှာ အစိုးရက တရားရေးမဏ္ဍိုင်မှာ ၀င်စွက်နေတာနဲ့ အသံလွှင့်ဌာနမှာ ၀င်ရောက်ခြယ်လှယ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်နဲ့ချီပြီး ဧပြီ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ အခု ဆန္ဒပြပွဲကို အတိုက်အခံပါတီ ၃ ပါတီက ဦးဆောင်စီစဉ်တာဖြစ်ပါတယ်။ ရဲအထူးတပ်ဖွဲ့ကလည်း အစိုးရ ဌာနတွေ၊ အဆောက်အဦတွေကို လုံခြုံရေး ယူထားပါတယ်။ အတိုက်အခံပါတီရဲ့ အဆိုအရ ဆန္ဒပြလူအင်အား ၂ သောင်းဝန်းကျင် ရှိမယ်လို့ ဆိုပေမယ့် ရဲအဖွဲ့ကတော့ ၂၅၀၀ လောက်ပဲရှိမယ်လို့ ခန့်မှန်းပါတယ်။ အရင် ကိုဆိုဘို ၀န်ကြီးချုပ်နဲ့ လက်ရှိ ကိုဆိုဘိုအနာဂတ်အတွက် ညွန့်ပေါင်း (အေအေကေ) ရဲ့ ဥက္ကဋ္ဌ ရာမက် ဟာရာဒင်နတ်က အစိုးရဘက်က ဆန္ဒပြသမားတွေ တောင်းဆိုတဲ့အတိုင်း ၂ ပတ်အတွင်း ဆောင်ရွက်ပေးဖို့ ရာဇသံပေးလိုက်ပါတယ်။ အပြောင်းအလဲတွေကို အခုမလုပ်ရင် နောက်ထပ် ပြဿ     နာတွေနဲ့ ကြုံရလိမ့်မယ်လို့ ပြောပါတယ်။ ကိုဆိုဘိုဟာ ၁၉၉၉ မှာ ဆာဗီယားကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီအချိန်က အယ်ဘန်နီယံမျိုးနွယ်စုတွေကို ဆာဗီယားတပ်တွေက သတ်ဖြတ် နှင်ထုတ်ခဲ့လို့ နေတိုးအဖွဲ့က လေကြောင်းထိုးစစ်တွေနဲ့ တားဆီးခဲ့ရပါတယ်။ အဲဒီနောက် ၂၀၀၈ မှာ အယ်ဘန်နီယံ မျိုးနွယ်စုတွေ ၉၀ ရာခိုင်နှုန်းနေထိုင်တဲ့ လူဦးရေ ၁ ဒသမ ၈ သန်း ရှိတဲ့ နယ်မြေက လွတ်လပ်ရေးကို ကြေညာခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကိုဆိုဘိုမှာ ဆင်းရဲမွဲတေမှု၊ ရာဇ၀တ်မှုနဲ့ လာဘ်ပေးလာဘ်ယူမှု အခြေအနေကတော့  ဆိုးရွားနေဆဲ ဖြစ်ပါတယ်။ တရားဝင် အလုပ်လက်မဲ့ နှုန်းက ၄၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up