Home
မြန်မာသတင်း
ရွာကို မြန်မာထံမှ ပြန်လည်ရရှိရန် ထိုင်းတွင် လမ်းလျှောက်ချီတက်
DVB
·
April 18, 2015
မြန်မာပိုင်တယ်လို့ ပြောဆိုထားတဲ့ နယ်စပ်ဒေသက ရွာကို ထိုင်းအစိုးရက ပြန်လည်တောင်းဆိုဖို ဂျစ်အာဆာ (စေတနာရှင်စိတ်ဓာတ်) အဖွဲ့ဝင် ၃ ဦးဟာ ချန်ဖူကနေ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနကို လမ်းလျှောက်ချီတက်နေပါတယ်။ ဧပြီ ၁၄ ရက် ချန်ဖူကနေ ထွက်ခွာပြီး ကီလိုမီတာ ၅၀၀ ရှိတဲ့ ဘန်ကောက်ကို ချီတက်ကြမှာ ဖြစ်သလို သတင်းပတ် ၂ ပတ်အကြာ ဘန်ကောက်ကို ရောက်ရှိနိုင်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။ ရနောင်း ခရဘူရီခရိုင်မှာ ရှိတဲ့ အင်တာနင်ဝမ်ရွာကို အစိုးရက ပြန်လည်တောင်းဆိုဖို့ သူတို့က အလိုရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က မြန်မာ စစ်တပ်က ဒီရွာထဲကို ၀င်ပြီး ထိုင်း ၉၂ ဦးကို ဖမ်းဆီးခဲ့တဲ့ နယ်စပ်အငြင်းပွားမှု အပြီး သံတမန်ရေးအရ အာရုံစိုက်ရတဲ့ ရွာတရွာဖြစ်လာပါတယ်။ ရွာသားတွေက ၇၇ ရက်အကျဉ်းကျခံခဲ့ရတယ်လို့လည်း သတင်းမှာ ရေးပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားအပြီး ၀င်ရောက် ဖြေရှင်းပေးဖို့ နိုင်ငံခြားရေးဌာနကိုတောင်းဆိုခဲ့ပေမယ့် တစုံတရာ အကြောင်း မထူးခဲ့ဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ ဒီနေရာမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာ ဖြစ်သလို မြန်မာက အခုမှ ပိုင်တယ်လို့ ပြောဆိုလာတယ်လို့လည်း သူက ပြောပါတယ်။ 909015နိုင်ငံရေး ကိစ္စနဲ့ပတ်သက်ရင် လူ ၅ ဦးထက်ပိုမစုရုံးဖို့ဆိုတဲ့ ညွန်ကြားချက်ကြောင့် လူ ၃ ဦးပဲ ချီတက်တာလို့ ဆိုပါတယ်။ နယ်ခြားကိုပိုင်းခြားဖို့အတွက် မြန်မာအရာရှိတွေနဲ့ ၀န်ကြီးဌာနတို့ အတူဆွေးနွေးဖို့ လိုအပ်ပေမယ့် တစုံတရာ ဆွေးနွေးတာ မရှိဘူးလို့ ဆိုပါတယ်။ မိသားစု ၃၀၀ ခန့်နဲ့ ထိုင်း ၁၀၀၀ ခန့်ဒီနေရာမှာ နေထိုင်ပြီး ရာဘာ စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ဒီနေရာဟာ ဘယ်နိုင်ငံ အချုပ်အခြာ အာဏာ အောက်မှာ ရှိသလဲဆိုတာ မသေချာတဲ့ အတွက် ဒီနေရာမှာ မနေဖို့ ထိုင်းအာဏာပိုင်တွေက အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024